Zawgyi
\\မမေ့နိုင်တဲ့ မွေးနေ့လက်ဆောင်//
ဒီနေ့က ချန်ယောလ်အကြိုက်ဆုံးရက်တွေက တစ်ခုပဲ ။ စနေနေ့လေ စနေနေ့ပေါ့ ။ ဝန်ထမ်းမဟုတ်ပေမဲ့ သူဂျစ်တိုက်လို့ ကိုကိုက တနင်္ဂနွနေ့တိုင်း အားလပ်ရက်ယူရရှာတယ် ။ စနေနေ့ကို ကြိုက်ရခြင်းကတော့ တစ်ညနေလုံး ရုံးမှာကိုကို့ကိုစောင့်ပြီး အပြန်လျှောက်လည်လို့ ရတာကြောင့်ပဲ ။ တနင်္ဂနွနေ့မှာ အပြင်မထွက်ချင်ဘူး ၊ စနေနေ့မှာ ပင်ပန်းခဲ့သမျှ တစ်မနက်လုံးနှစ်ယောက်အတူပွေ့ဖက်ပြီး အပန်းဖြေကြသည့်မို့ ။
မနက်ခင်းနေဖင်ထိုးတဲ့အထိ အတူရှိနေရတာ ဘယ်လောက်ကောင်းလိုက်သလဲ ။ချန်ယောလ် ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ မိုက်ကယ်က ထမင်းဗူးလေးနဲ့ အသင့်စောင့်နေတာကို တွေ့ရတယ်။ သူကြောက်တတ်မှန်းသိလို့ မိုက်ကယ်က မြင်တဲ့အချိန်တိုင်း အရင်ဆုံးပြုံးပြတတ်သည် ။
"အစ်ကိုကြီးယော့က ဒီနေ့ ဟိုမှာပဲရှိမှာလားဟင်"
"ဟုတ်ကဲ့"ခါတိုင်းဆို ဂင်မ်နဲ့ တစ်နေရာစီတာဝန်ယူတဲ့ ဆန်းယော့က ဒီရက်ပိုင်း ထူးထူးခြားခြား အတူပါပါသွားတတ်သည် ။ တကယ်ဆို ဆန်းယော့က ဒီမှာ ရှိနေရမှာလေ ။
"သူ ချန့်ကို ခရုဆန်ပြုတ်ဝယ်တိုက်ပေးမယ်လို့ ကတိပေးထားပြီးတာကို"
"ကျွန်တော်လိုက်ပို့ရမလား"မိုက်ကယ်နဲ့ ဘယ်လောက်ပဲ ခင်လာပါစေ ဆန်းယော့လောက်မနီးကပ်တာမို့ လိုက်ပို့ခိုင်းဖို့ကို ချန်ယောလ်က အင်တင်တင်။
"ဟင့်အင်း ကိုကို့ဆီပဲပို့ပေးပါနော်"
"ဟုတ်ကဲ့"တစ်လမ်းလုံး ဆန်းယော့ကိုဖုန်းဆက်ကာ ဂျီတိုက်ဖို့ လုပ်တဲ့အဆိုးလေးခမျာ ဖုန်းမကိုင်တဲ့ဆန်းယော့ကြောင့် ဆူပူသောင်းကျန်းပြီးသာ ကုမ္ပဏီရောက်လာရရှာသည် ။
ရေမွှေးကောင်တာနားက အဖြတ်မှာ ချန်ယောလ်ဝင်တိုက်ခံလိုက်ရသည် ။ တစ်ဖက်က မိန်းကလေးဖြစ်သူက သူ့ကိုဝင်တိုက်လိုက်ခြင်း ။ ခွမ်းခနဲအသံနဲ့အတူ ထိုမိန်းကလေးလက်ထဲက ရေမွှေးပုလင်းကျကွဲသွားလေရဲ့ ။
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
ФанфикBoss will always protect his adorable Mochi!!