Part 13 (Uni+Zawgyi)

8.8K 427 29
                                    

Uni

"အုဝဲ​ရေ
အုဝဲ !!!"

အိမ်​ရောက်လာ​ပေမယ့် အုဝဲကို မ​တွေ့တာမို့ ဓန ပွတ်​လောရိုက်​နေ​တော့သည်။ အိမ်ခန်းထဲဝင်ကြည့်​တော့မှ ည​နေကြီးကို အုဝဲက အိပ်​နေ​တော့ သည်။ မျက်နှာမှာ လည်း မျက်ရည်စီး​ကျောင်းကအထင်းသားပါ ။ အုဝဲကိုကြည့်ကာ ဓန ​ဒေါသ​တွေက ငယ်ထိပ်တက်သွား​တော့ ၏။

"အုဝဲ !!!
ဘာဖြစ်တာလဲ​ပြော "

"အမ်!! ဘာမှမဖြစ်ပါဘူး အကို "

​"မေးရင်​​ပြော​နော် မဟုတ်ရင် ငါ လူထသတ်မိလိမ့်မယ်
​​ပြော ဘယ်သူနဲ့ ဘာဖြစ်တာလဲ "

အကိုက ​ဒေါသ တအားထွက်​နေတာမို့ ရာစု မ​ပြောလို့ မရ​တော့ပါ ။ တကယ်ဆို သူမ​ပြောချင်ပါဘူး ။ တဖက်ကလည်း သူ့ဖေ​ဖေရဲ့ ညီ ဦး​လေး တဖက်ကလည်းသူယူထားတဲ့သူ့​ယောကျာ်း​လေ။

"ဦး​လေးထွန်းက တစ်နှစ်စာ စာရင်းရှင်းတာ ဒါပဲ ​​ပေးတယ် "

"ဘာာ !!!"

ဓန ​ဒေါသ ငယ်ထိပ်တတ်သွားပြီ​လေ ။ သူတို့ကို လက်ဖွဲ့ထားတဲ့ လယ်ဧက ၂၀​ကျော်ကို သူက ဘာမှ ဝင်စွပ်ဖက်ခြင်း မရှိခဲ့ပါ ။ အုဝဲတို့သားအမိ အတူ​နေစဥ်ထဲက သူ့ဦး​လေးက တစ်​ယောက်တစ်ဝတ်နဲ့လုပ်​ပေးတာမို့ပါ ။ အခု​တော့ တစ်နှစ်လုံးစာ သိန်း၂၀ လာ​ပေးသွားသည်တဲ့​လေ ။ ဓန ​ဒေါသထွက်တာလည်း မ​ပြောနဲ့ ဒီနှစ် ကြံ ရာသီမှာဓနတို့ပွဲရုံမှာ ပိုက်ဆံ လာရှင်းသွားတာ​တောင် သိန်း ၂၀၀ ​ကျော် ရှိသည်။

"ထ အုဝဲသွားမယ် "

"ဘယ်လဲအကို "

"အဲ့ပိုက်ဆံယူခဲ့ "

ဓနလည်း အုဝဲကို လက်ဆွဲကာ ဆိုင်ကယ်ဖြင့်ဦး​လေး ထွန်း အိမ်ကို သွားလိုက်၏။

"လာ​လေ
ဘာလဲ​ ကြောက်လို့လား "

"ဟုတ်"

"အကို့ လက်ကို ကိုင်ထား "

သူ့ဦး​လေး ခြံထဲ ဆိုင်ကယ် ရပ်ပြီးဆင်းလိုက်​​တော့အုဝဲက လက်ဖျား​တွေ​အေးပြီး​ကြောက်​နေ​တော့သည်။ သူလည်း အုဝဲကိုကြည့်ကာ အရမ်း​တွေ သနားသွား၏။ သူသာ အုဝဲအနားမှာ ရှိမရင် ငိုပြီး​တော့ သီးခံ​နေအုန်းမှာပါ ။ တစ်​နေ့တစ်​နေ့ အုဝဲကို ဘယ်သူက အနိုင်ကျင့်မလဲပဲ​တွေးပူ​နေ ရ၏။ လူ​တွေကအုဝဲရဲ့ ရိုးသား​အေး​ဆေးတဲ့ပုံ​ကြောင့် အနိုင်ကျင့်ချင်​နေကြတာပါ ။

My Owner (Completed)Where stories live. Discover now