{ 70 } Uni

8.4K 559 146
                                    

မင်းသခင်ခက်ထန် တံခါး ဖွင့်ပေးလိုက်တာနဲ့ အခန်းထဲကို အလောတကြီး ဝင်လာရုံသာမက သူ့ကိုပါ ဝင်တိုက်ပြီး အိပ်ခန်းထဲကို ဆေးအိတ်ကြီး ကိုင်ဝင်သွားတဲ့သူကြောင့် ခေါင်းထဲမှာ မေးခွန်းတွေ တန်းစီသွားရသည်။

ဘာလို့များ မာမားက အဲ့လောက်တောင် အလျှင် လိုနေပါလိမ့်... တကယ်ကို စဥ်းစားရခက်သည်။

ဦးခက်ထန် အပါအဝင် နှစ်ဖက်မိဘတွေ အကုန်လုံးကလဲ မျက်နှာက မရွှင်ပြပေ။

မသိလျှင် ခွဲခန်းထဲ ဝင်သွားတဲ့ သူကို ခွဲခန်းရှေ့ကနေ ရင်တမမ နဲ့ စောင့်ကြည့်နေတဲ့ ခံစားချက်လိုပင်။

မေရှားခက်ထန် အနောက်ကနေ အခန်းထဲ လိုက်ဝင်မယ် ကြံပေမယ့် အိပ်ခန်းတံခါး ကို ပါ လော့ချ ထားတာကြောင့် ယောက်ျားဖြစ်သူကို လုံးဝ စိတ်မချနိုင်။သူ့အမေ ဘာတွေလုပ်မလဲ ဆိုတာ သူတကယ်ကို မတွေးရဲဘူး။

"ဒုန်း ဒုန်း ဒုန်း... မာမား တံခါးဖွင့်ပေး !!!!"

"ဒုန်း ဒုန်း ဒုန်း... နင် အေးဆေးနေ...  ငါ ဆေးထိုး မသတ်ဘူး။ နင် အထဲဝင်လာရင် နင်နဲ့ငါ သတ်ပွဲပဲ  !!!!!"

မင်းသခင်ခက် မျက်နှာက ဆူပုတ်သွားရသည်။
မာမားဟာ သူ့ကို ဆို အရမ်း အနိုင်ကျင့်သည်။

မေရှားခက်ထန် အိပ်ခန်းထဲ ရောက်သွားတာနဲ့ ကုတင်ပေါ်မှာတောင် မဟုတ်ဘဲ ဆိုဖာပေါ်လေးမှာ ကွေးကွေးလေး အိပ်နေတဲ့ ကောင်လေးရဲ့ လည်ပင်းက ရဲတွတ်နေတဲ့ အမှတ်ရာတွေအပြည့်ကို ကြည့်ပြီးကောင်လေးရဲ့မိဘတွေ ကို တကယ်အားနာမိသည်။

ဒီလို ပုံစံနဲ့ အခန်းရှေ့ ထွက်ပြီး လက်မှတ်ထိုးပါက   သူ့မိဘတွေ ဘယ်လို မှ စိတ်ချနိုင်မည် မဟုတ်။သူမသာ အဲ့ကောင်လေးမိဘဆိုရင်လဲ စိတ်ချနိုင်မည်မဟုတ်။

အခန်းထဲက တဒုန်းဒုန်း အသံတွေ ကြောင့် မှေးခနဲ အိပ်ပျော်သွားတဲ့ ချမ်းဆောင်းဟန် နိုးလာသည် ။

ချမ်းဆောင်းဟန်နိုးနိုးချင်း မေရှားခက်ထန်ကို တွေ့တာကြောင့် ချက်ချင်းထပြီး နှုတ်ဆက်ဖို့ ကြံပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေတာကြောင့် ထရတာ အဆင်မပြေဖြစ်နေတဲ့ အတွက် မေရှားခက်ထန် လက်လေး ပြပြီး တားလိုက်၏။

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora