Unforgotten memories
အပိုင်း(၈)
"ကျွန်တော်တို့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ဆုံးဖြတ်ပါမယ် ကျွန်တော်တို့နှစ်တွေအကြာကြီး အတူရှိခဲ့ကြပေမဲ့ ဇနီးမောင်နှံလိုမျိုးတော့ မနေနိုင်ပါဘူးဗျ...တောင်းပန်ပါတယ်ဗျ"
ကိုကိုနဲ့မွန်းသည် နှစ်ဖက်မိဘရှေ့မှာ ထိုသို့ပြောဖြစ်ခဲ့ကြသည်။
"ဘာကွ!"
ကိုကို့စကားကြောင့် ကိုကို့ဒယ်ဒီ အန်ကယ်ဦးတိမ်စိုင်ဒေါသထွက်သွား၏။ ကိုကို့မာမီဆိုလည်း အံ့ဩလွန်း၍ ဘာစကားမှပြောမထွက်လာ။
မွန်းလည်း ဒယ်ဒီ့ကိုကြည့်မိတော့ ဒယ်ဒီက ဘာမှမဖြစ်သလိုတည်ငြိမ်နေ၏။
"ဒီဆုံးဖြတ်ချက်အတွက် နောင်တမရမှာသေချာလား"
"ဟုတ်ကဲ့ သေချာစဉ်းစားပြီးမှဆုံးဖြတ်တာပါအန်ကယ်"
"အန်ကယ့်ကို သမီးရှင်ရဲ့အဖေအနေနဲ့ အကြောင်းပြချက်ပေးနိုင်မလားတိုင်း..."
"ကျွန်တော့်မှာ ချစ်ရသူရှိပါတယ် အဲ့တာက မွန်းမဟုတ်ဘဲ တခြားတစ်ယောက်ပါဗျ"
ဦးခန့်ရှိန်ဝါအံ့ဩသွား၏။ တိုင်းမှာချစ်သူရှိတယ်တဲ့လား။ မထင်ထားမိဘူး။ ဒီဖျက်သိမ်းပွဲက မွန်းကမဟုတ်ဘဲ တိုင်းဘက်ကစတယ်ဆိုတာကိုပေါ့။
"အန်ကယ့်သမီးသိလား တိုင်းမှာချစ်သူရှိတာကို"
"မွန်းသိပါတယ်ဒယ်ဒီ!..""ဟေ့ကောင် တိုင်း! မင်းယောက်ျားမဟုတ်ဘူးလား မိန်းကလေးတစ်ယောက်နဲ့အကြာကြီးစေ့စပ်ပြီးမှ အခုကျ လက်မထပ်ချင်လို့တခြားတစ်ယောက်ရှိတယ်ပြောတာမရှက်ဘူးလား.တောက်စ်"
"ကျွန်တော် မွန်းနဲ့မစေ့စပ်ခင်ကတည်းက ဒယ်ဒီတို့ကိုပြောဖူးပါတယ် ကျွန်တော်မစေ့စပ်ချင်ဘူးလို့ ဒါကိုအတင်းကြီးစေ့စပ်ပေးတာကဘယ်သူလဲဒယ်ဒီ...ဒယ်ဒီ့ဂုဏ်သိက္ခာထိခိုက်မှာနဲ့ပဲ ကျွန်တော့်ကိုဒီအထိတွန်းပို့ခဲ့တာ မဟုတ်ရင် မွန်းနဲ့စေ့စပ်တာအစောကြီးကတည်းက ပျက်တယ်"
"ဟေ့ကောင်!."
ခွပ်!..
ဦးတိမ်စိုင်က တိုင်းရဲ့မျက်နှာကို စိတ်တိုပြီးထိုးသည်။ တိုင်းနှာခေါင်းမှာသွေးတို့စီးကျလာသည်။ ဒါကို ဦးတိမ်စိုင်က ဂရုမပြုမိဘဲ နောက်တစ်ကြိမ်ထပ်ထိုးဖို့ပြင်သည်။
ŞİMDİ OKUDUĞUN
အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝
RomantizmBoth Unicode & Zawgyi မျှော်လင့်ရတဲ့အခြေအနေမျိုးက သေလောက်အောင်နာကျင်ရတယ် ညီညီ...ဒါပေမဲ့ ငါမျှော်နေမိတုန်းပဲ။ [မွန်း] Start date-19.1.2023(Thu) End date-******