Shanghai Marriott City Hotel...Afternoon Duty၀င်ရတော့မှာမို့ Lockerထဲတွင် ၀မ်ရိပေါ်တယောက် သီချင်းတအေးအေးဖြင့် ယူနီဖောင်းလဲနေမိသည်။ သူက ဒီHotel F&B Departmentရဲ့ Fine Dining Supervisorဖြစ်သည်။ စည်းကမ်းအရ Dutyမ၀င်ခင် ကိုယ်ပေါ်မှ နာရီ,လက်စွပ်,နားကပ် အစရှိသည်တို့ချွတ်ကာ သိမ်းရင်း Vestနဲ့ Necktieကိုအသေအချာပင်ပြင်နေမိသည်။ ထိုအခိုက် သူ့လက်အောက်မှ Service Captain လင်းရှောင် ရောက်လာကာ သူ့ကို F&B Managerက Dutyမဝင်ခင်ရုံးခန်းသို့လာရန် ပြောသဖြင့် ၀တ်စုံပြည့်၀တ်ပြီး Managerဆီသို့သာ သွားခဲ့လိုက်တော့သည်။
Knock! Knock!
"ဝင်ခဲ့ပါ"
"ကျွန်တော်ရောက်ပါပြီ Nicholas Ge !"
" Ok, ရိပေါ် ထိုင်ဗျာ ကျွန်တော် ခင်ဗျားကို Resturantထဲမရောက်ခင် မိတ်ဆက်ပေးချင်သူရှိလို့!"
"ဟုတ်"
" ဒါက ကျွန်တော်တို့ Hotel Kitchen Departmentရဲ့ Executive Chef အသစ်ပါ။ အရင် Chef Smithနေရာမှာ 6 months Relieving ၀င်မယ့်လူပဲ။ နယူးယော့ခ် ဟိုတယ်ခွဲက ပြောင်းလာတာ နာမည်က...."
"ရှောင်းရှောင်းပါ!"
"....."
နစ်ကိုလက်စ်မှာခေတ္တမျှကြောင်သွားရ၏။အစောပိုင်းက ငါ့နာမည်ရှောင်းကျန့် ဒီဟိုတယ်ရဲ့ EC ပါလို့ မိတ်ဆက်ခဲ့သူသည်မည်သူနည်းဟု ပြန်မေးရတော့မလို။ ချက်ချင်းပင် အသံလာရာဆီသို့ ရိပေါ်ကြည့်မိလိုက်လေသည်။ တဖက်လူကလည်းအားကျမခံ သူ့ကိုလှပသောမျက်၀န်းညိုအစုံတို့ဖြင့်ပြန်စိုက်ကြည့်သည်။ ထိုအခိုက်ရိပေါ်မျက်နှာတွင်အပြုံးတခုဖြစ်တည်လာကာစိတ်ထဲတွင်တွေးမိလိုက်တာတခုပဲရှိသည်။
တော်တော်လေးလှတယ်၊နေမထိလေမထိပြုစုစောင့်ရှောက်ပေးချင်စရာအလှတရားမျိုး။မျက်နှာလေးက နွေဦးရဲ့လေပြည်ညှင်းလေးလို နှစ်လိုဖွယ်အပြည့်ရှိကာ ထိပ်ဖျားသွယ်ပြီးအရင်းမှာချွန်လုံးနေတဲ့နှာခေါင်းဖျားလေး၊ သေသပ်လှပသောနှုတ်ခမ်းပါးလေးနှင့် ထိုလှပသောနှုတ်ခမ်းဖျားတို့အောက်က မည်းနက်နေသောမှဲ့နက်လေးတပွင့် ။ ဒီအလှလေးနဲ့သူကအလုပ်တူတူတွဲလုပ်ရမှာတဲ့လား။ Hotelတွင်နေ့တိုင်း Double Shiftဆင်းပေးရလျှင်တောင်တန်နေပြီ။ စိုက်ကြည့်နေတာအတော်ကြာမှ အလှလေးဘက်ကစကားစလေတော့သည်။
YOU ARE READING
Xiao's
FanfictionOnly ZSWW (Zhanyi)Smut Shot Collections! If you don't like don't read try to talking bullshit. I will mute you ok!