အပိုင်း(12)
"ကံကောင်းပါစေဗျာ..."
"ငါ့ကောင်ကြီး မင်္ဂလာဦးညမှာ
ပျော်ရွှင်ပါစေဗျာ..."အားလုံးနှုတ်ဆက်ပြီး ကားပေါ်အသီးသီး
တက်ကာ ခြံဝန်းကြီးထဲကနေ ကားများ
တန်းစီကာထွက်သွားပြချိန် မှတ်တမ်း
သက်ပြင်းချလိုက်၍ ဝတ်ထားသော ရှက်လက်ရှည်မှ ကော်လံအနားက ကြယ်သီးအား
ရင်ဘက်ထိရောက်အောင်ဖြတ်ကာ
လှေကားကြီးကနေ အပေါ်သို့တက်လာလိုက်သည်။"ပုံရော....''
''အခန်းထဲမှာ ရှိပါတယ် သူဌေး..."
မှတ်တမ်း ထိုအမျိုးသမီးစကားကြောင့်
အခန်းရှိရာ လျှောက်လာလိုက်သည်။အခန်းအရှေ့အရောက် တစ်ခုခုကျသွားသံကြောင့် သူတစ်ချက်နားထောင်လိုက်ကာ
အခန်းတံခါးအားတွန်းဖွင့်၍ အခန်းထဲဝင်လိုက်ချိန် အခန်းကြီးရဲနံရံဘေးနှင့်ကြမ်းပြင်အထက်
ပြန်ကျဲနေသော စိန်ပွင့်နှင့်အတူ ပြတ်ထွက်နေသော စိန်ကုံးကြောင့် သူ သူအကိုကြည့်လိုက်ချိန် နှုတ်ခမ်းလေးမှာခပ်မဲ့မဲ့လေးဖြစ်နေသော
ကြောင့် အနားလျှောက်သွားရင်း ပြုံးလိုက်ကာ...''အဟွန်း.....အဝတ်မလဲသေးဘူးလား..."
ထိုအချိန် ပုံ သူ့ရဲ့ဘာမှမဖြစ်သလို
ပြောလာသောအသံကြောင့် ကိုယ်လေးမတ်သွားကာ..''မလဲဘူး ကျွန်မဒီအတိုင်းအိပ်မှာ...."
''ဘယ်ရမလဲ စူးကုန်လိမ့်မယ် ဝတ်စုံပေါ်က
စီးကွင့်တွေက..."''ရှင်.. ဘာမှမဖြစ်ဘူးလား..."
သူ့အား မှန်းကြည့်ကာပြောလာသော
သူမအား မှတ်တမ်းကြည့်လိုက်၍ ...''ဘာကိုလဲ..."
''ဟိုမှာလေ ရှင့်ရဲ့ သိန်းသောင်းချီတန်တဲ့
စိန်ကြိုးကို ကျွန်မ ဖြတ်စီးလိုက်ပြီ..."အောင်နိုင်သူလေးပမာပြောလာသော
သူမ မျက်နှာလေးအား မှတ်တမ်းစူး
စိုက်ကာကြည့်၍..''အဲ့ဒါ မင်းပစ္စည်းပဲ ဖြတ်စီးပေါ့..ဘာတွေ
ထပ်ဖြတ်စီးချင်သေးလဲပြော ဟိုအံ့ဆွဲထဲမှာ
မင်းအတွက် ဝယ်ထားတာ စိန်ထည်တွေအပြည့်ပဲ ယူပေးရအုံးမလား..."