အပိုင်း(14)
ကားပေါ်ကဆင်းတာနှင့် သူမအားဝီးချဲလ်ပေါ်တင်ကာ တွန်းလာသော သူ့ကြောင့် ပုံ
ဘယ်ကိုလဲဆိုတာလဲ မေးချင်စိတ်မရှိသောကြောင့် မမေးပဲ သူခေါ်ရာအတိုင်း လိုက်ပါလာ
လိုက်သည်။ခဏအကြာ ဝီးချဲလ်လေးများရပ်တန့်သွားကာ
ပုံ လက်ကလေးအား ဆုပ်ကိုင်လာသော သူ့လက်များကြောင့် သူပုံ အရှေ့တွင် ထိူင်နေ၍ ပုံအားကြည့်နေပြီဆိုတာ သိလိုက်သည်။''ပုံ စိတ်အေးအေးထားနော် ဒီနေ့နည်းနည်း
တော့ပင်ပန်းလိမ့်မယ် ကလေးလေးကျန်းမာရေးစစ်ဖို့နဲ့ ပုံ မျက်လုံးစစ်ဖို့ဒီနေ့
ကိုယ် ဆရာဝန်နဲ့ချိန်းထားတာ...အရမ်းတော့မကြာဘူး မကြောက်နဲ့နော်ာ.."သူ့အပြောကြောင့် ပုံ စိတ်လှုပ်ရှားစွာ...
ဘာမှပြန်မဖြေဘဲ နေလိုက်သည်။မှတ်တမ်း သူမပုံစံလေးအားကြည့်၍
နားလည်လိုက်ကာ ပြုံးလိုက်ရင်း
သူမရဲ့ ဗိုက်လေးဆီအကြည့်ရောက်သွားကာ...''ကိုယ်တို့ရဲ့ ကလေးက ဘာလေးလဲ
မသိရသေးပင်မဲ့ ကျန်းမာရေးကောင်းနေမှာ
သေချာတယ်.."သူ့စကားကြောင့် ဖူးအာနေသော နှုတ်ခမ်း
လေးများမှာ အနည်းငယ်ပွင့်ဟလာ၍..''ရှင်က ဒီကလေးကို လိုချင်လို့လား.."
သူမရဲ့ ချစ်စဖွယ်မျက်နှာလေးအား မှတ်တမ်း
စူးစိုက်ကြည့်၍...''လိုချင်တာပေါ့...ကလေးကိုရော
မင်းကိုရော ဒါ့ကြောင့် ဘာမှမတွေးဘဲ..."''ကျွန်မအပေါ်ဘာကြောင့် ရုတ်တရပ်ကြီး
ကောင်းကောင်းဆက်ဆံနေရတာလဲ..."စကားမဆုံးခင် ထပ်မေးလိုက်သော
သူမကြောင့် မှတ်တမ်း သူမမျက်နှာလေးအား
စူးစိုက်စွာကြည့်၍. .''မင်းက ကိုယ့်မိန်းမ ဟုတ်လို့...."'
''မရွှေပုံကမ္ဘာ ဝင်လို့ရပါပြီရှင့်..."
ထိုအချိန် Nurseမလေးရဲ့ စကားကြောင့်
ပုံနှင့်သူ စကားဝိုင်းပြတ်သွားကာ...မှတ်တမ်း
သူမအရှေ့တွင် ထိုင်နေရာမှ ထရပ်လိုက်၍
ဝီးချဲလ်လေးအားတွန်းလာကာ ဆေးရုံကြီးရဲ့
စမ်းသပ်ခန်းထဲ သူမနှင့်အတူ ဝင်လာလ်ိုက်သည်။