အပိုင်း(15)

7.6K 182 3
                                    

အပိုင်း( 15)

''ကလေးက အခြေအနေ အားလုံးကောင်းပါတယ်...ဒါပင်မဲ့ မိခင်က မျက်ဝန်းမမြင်တဲ့အတွက် အထိအခိုက်မရှိအောင်တော့ သေချာ
ဂရုစိုက်ပေးရမယ်..."

''ဒေါက်တာ..အခြားဆိုးကျိုးတွေရော
ရှိနိုင်လား...''

''သေချာစမ်းသပ်ပြီးသွားပါပြီ အခြားဆိုး
ကျိူးတွေ မရှိပါဘူး လူနာက မွေးထည်းက
မျက်ဝန်းမမြင်တဲ့ caseမဟုတ်တော့
ကလေးကို အကျိုးမသက်ရောက်ပါဘူး..."

ထိုအခါ သက်ပြင်းအသာချနေသော
သူမအား မှတ်တမ်းကြည့်လ်ိုက်၍..

''မွေးဖွားတာက ခွဲမွေးဖို့ အဆင်ပြေလား.. "

ထိုအချိန် ဆရာဝန်ကြီးမှာ သူ့အားကြည့်လာ၍..

''ကလေးက ဒါ ပထမဆုံးမဟုတ်တော့
လူနာဆုံး​ဖြတ်ပါစေ.. "

''ဘယ်..ဘယ်လို..."

ထိုအချိန် မျက်ဝန်းများမှိတ်ထားသော
ပုံ အလန့်တကြားမျက်ဝန်းလေးများ
ပွင့်လာသလို မှတ်တမ်းသည်လဲ ဆရာဝန်အား
မယုံနိုင်စွာကြည့်၍...

''ဒါ ပထမကလေးမဟုတ်ဘူး ဟုတ်လား
ဒေါက်တာ..."

''ဟုတ်ပါတယ် လူနာက သားဦးမွေးဖွားထားတဲ့
လက္ခာတွေ တွေ့နေရတယ်..."

ထိုအချိန် မှတ်တမ်း အံ့အားကြိတ်လိုက်ကာ..

''ကျေးဇူးပါ ဒေါက်တာ လိုတာနဲ့
ထပ်ဆက်သွယ်ပါ့မယ်..."

''ဟုတ်ကဲ့ပါဗျ ခွင့်ပြုပါအုံး.. "

ဆရာဝန်ထွက်သွားချိန် အခန်းကြီးထဲ
တစ်ယောက်က အိပ်ယာလေးပေါ်တွင်
ငုတ်ထုပ်လေးထိုင်ကာ သူ့အား အားနာစွာ
ငိုင်ငိုင်လေးထိုင်ကာနေသော သူမ
တစ်ယောက်က ထိုနေရာတွင် ကျောက်ရုပ်အလားရပ်ကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။

အခန်းကြီးထဲ အေးစက်နေသော airconပင်
ခဲသွားမတက်။

ပုံ တိတ်ဆိတ်နေသော သူ့ကြောင့် သက်ပြင်​းလေးအသာချ၍ ဖြစ်လာမည့် ပြဿနာအား
ရင်ဆိုင်ရန် ​ဆုံးဖြတ်ထားမိသည်။

ထိုအခြေအနေကို သူလက်မခံရင်
ပုံ သူဆုံးဖြတ်ချက်အတိုင်း ​လ်ိုက်လျောပေး
ဖို့ဆုံးဖြတ်ထားမိကာ...လက်ကလေးများက
မွေ့ယာကြီးအားစမ်း၍ ကုတင်အောက်ဆင်းရန်
ဖင်လေးရွေ့ကာ ဆင်းဖို့ပြင်နေချိန်..

ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete) Where stories live. Discover now