အပိုင်း(17)
''ဟင့်အင်း..ဖယ်ပါ ပုံ သားသားနဲ့
သွားအိပ်မလို့.. "''အို..သူဌေးကတော်ရယ် မလုပ်ပါနဲ့
သူဌေးလာမှ သူဌေးကို ပြောပြီးသွားပါနော်..."''ဟင့်အင်း...ပုံ အခုသွားချင်တာ
ပုံကို လိုက်ပို့ပေးပါနော်..."''သူဌေးကတော်ရယ် ကျွန်မတို့ သူဌေးကို
ကြောက်လို့ပါ သူဌေးလာမှ သွားပါနော်.. "အိမ်အလုပ်သမာ အမျိုးသမီးများမှာ
မျက်စိမျက်နှာပျက်ကာ ပြောလာသောကြောင့်
ပုံ သက်ပြင်းအသာချ၍ ငြိမ်နေမိသည်။ဒါပင်မဲ့ သူနဲ့စကားမပြောချင်သောစိတ်က
များနေသောပုံ ရင်ထဲတွင်လဲ မတင်မကျဖြစ်နေမိသည်။''ဟို ပုံကို သားသားအခန်းပဲလိုက်ပို့ပေးနော်
သူလာရင် ပြောပေးနော် ပုံ အဲ့ဒီအခန်းမှာ
ပြောပေးနော်..."''ပြောစရာလဲ မလိုသလို သွားစရာလဲ
မလိုဘူး ပုံ..."သူ့အသံကြောင့် အိမ်အကူမလေးများမှာ
အလိုက်တသိအနောက်ဆုပ်၍ ထွက်သွားကြသောကြောင့် သူနှင့်ပုံသာ အခန်းထဲ ကျန်ခဲ့တော့သည်။မှတ်တမ်း ပေတေတေလေးရပ်နေသော
သူမအနား တိုးသွားလိုက်၍..ပခုံလေးအား
ဖတ်ရန်ပြင်ချိန် နောက်ဆုတ်သွားသော
သူမပုံစံလေးအားကြည့်၍ မျက်ခုံးများ
ပင့်တက်သွားကာ....''ပုံ ကလေး ဘာဖြစ်တာလဲကွာ
ပြော ကိုယ့်ကို..."သူ့ အပြောကြောင့် ပုံ မျက်နှာလေး
တစ်ဖက်သို့ လှည့်ပစ်ကာ..''ပုံ ဒီည သားသားနဲ့သွားအိပ်ချင်တယ်..."
ဗိုက်ဖုံး အင်္ကျီ ဂါဝန် ကာကီရောင်လေးအား
ဝတ်ထား၍ ဆံနွယ်လေးများအား
ဖျန့်ချထားသော သူမပုံစံလေးမှာ ချစ်ဖို့ကောင်းနေတော့သည်။''ပုံ ပုံက နောက်တစ်ပတ်ဆို
မွေးတော့မယ်လေ သားသားက
အအိပ်ဆိုးတယ် ဗိုက်ကို ကန်မိရင်
ဘယ်လို လုပ်မလဲကွာ ပုံ ကလိမ္မာပါတယ်ကွာ
ဒီအခန်းထဲမှာပဲအိပ်နော်..."''ဟင့်အင်း ပုံ မအိပ်ချင်ဘူး...''
ခေါင်းလေးခါ၍ ပြောလာသော
သူမကြောင့် မှတ်တမ်း သက်ပြင်းချကာ
သူမအပေါ်လဲ မအော်ရက်ပေ။