အပိုင်း(19)
''သူဌေးကတော် ဒါ အဲ့ဒီအမ ပြန်ပေးလိုက်တဲ့
စာပါ..."ပုံ စာရွက်အခေါက်လေးအားယူ၍
ဖတ်ရန်ပြင်ချိန် သတိပြန်ဝင်လာကာ
စာရွက်လေးအားဆုပ်လိုက်ပြီး ..''ဘာမှသေးလဲအမ..."
''ဘာမှစိတ်ထဲမထားနဲ့တဲ့ သူဌေးကတော်
အမပြောတာက်ိုလဲ မယုံဖို့ ပြောပါတယ်.."ထိုအခါ ပုံ မျက်နှာလေးမှာ စိတ်အေး
သွားသလိုဖြစ်သွား၍...''အမကို ပုံပြောစရာရှိတယ်...".
''ဟုတ်ကဲ့ ပြောပါ သူဌေးကတော်..."
''ပုံ မွေးခန်းဝင်တာနဲ့ ပုံအဒေါ်ကို
ခေါ်ပါ ပြီးရင် ပုံ ပေးထားခဲ့တဲ့စာကို
ပေးပေးပါ..."''စိတ်ချပါ သူဌေးကတော် ကျွန်မ
အဲ့ဒီလို လုပ်လိုက်ပါ့မယ်.."ဒေါက်...ဒေါက်...
''ပုံ...ကလေး ကိုယ်ဝင်ခဲ့မယ်နော်..."
ထိုအချိန် သူ့အသံကြောင့် ပုံ
စာအလိပ်လေးအား ထိုင်နေသော
မွေ့ယာကြီးအောက်ထည့်လိုက်ကာ
ဟန်မပျက်ထိုင်နေလိုက်သည်။မှတ်တမ်း တံခါးဖွင့်ကာ ဝင်လာချိန်
ထိုင်နေသော သူမကြောင့် ပြုံးကာ
ဘေးတွင်ရပ်နေသော အမျိုးသမီးအား
ကြည့်၍...''လုပ်စရာရှိတာ သွားလုပ်တော့ ..''
''ဟို သူဌေးကတော်ကို ခြေထောက်ရေနွေး
စိမ်ပေးမလို့ပါ..."''ရတယ် ထားခဲ့လိုက် ငါလုပ်ပေးလိုက်မယ်.. ''
''ရှင်...ဟုတ်..ဟုတ်ကဲ့..."
ထိုအမျိုးသမီးထွက်သွားတော့မှ
ကျောက်ရုပ်လေးပမာထိုင်နေသော
သူမအနားတိုးသွားလိုက်၍ ပြုံးကာ
ထိုရေဇလုံအားယူပြီး ကုတင်ဘေးတွင်ထားကာ..အင်္ကျီလက်အား တံတောင်ဆစ်အထိယရောက်အောင် ခေါက်တင်လိုက်၍...''ပုံ ခြေထောက်ဆင်းမယ် ကိုခြေထောက်ကို
ရေဆေးပေးမယ်နော်..."ပုံ သူ့စကားကြောင့် ခေါင်းလေးရမ်းလိုက်ကာ...
''မလုပ်ပါနဲ့ ပုံ့ဘာသာ...."
''လာပါကွာ ကိုယ့်မိန်းမကိုယ်ခြေထောက်ဆေးပေးတာပါ...''
ပြောလဲပြော ပုံခြေထောက်ဖြူဖြူလေးအား
ယူကာ ဇလုံထဲက ရေနွေနွေလေးများဖြင့်
ဆေးပေးကာ အပွင့်အခြောက်အဖက်လေးများအား ထည့်လ်ိုက်၍....