အပိုင်း(2)
''ပုံရေ လာကြည့်အုံး ပြီးပြီဗျ
ကြိုက်ရဲ့လားဆိုတာ..."အလှပန်းအ်ိုးထဲ နီရဲနေသော နှင်းဆီ
ဖူးကြီးများအား စိုက်ထည့်ထားတာအားကြည့်၍ဘုန်းမြတ်မင်းရဲ့ မျက်နှာပေါ်တွင် အပြုံးများဝေဆာနေတော့သည်။ထိုအချိန် ပန်းအိုးများရဲ့အနောက်ဘက်မှာ
ပေါ်လာသော ဂါဝန်အညိုလေးနှင့်
အရိပ်လေးတစ်ရိပ် တက်ကြွစွာ
အနားလျှောက်သွား၍ ထိုးထားသော ပန်းအိုးအားကြည့်ကာ နှုတ်ခမ်းလေးဆူသွားပုံက
ကလေးလေးတစ်ယောက်လိုပင် ချစ်ဖို့ကောင်းနေတော့သည်။''ဟင် ကိုကြီးကလဲ ပုံ ဒီလောက်သင်ပေးထားတာကို ဘာဖြစ်လို့ အခုထိ မတက်သေးတာလဲ
ပုံကို ဖေကြီးတို့မေကြီးတို့ ရယ်အောင် လုပ်နေတာလဲပြော..."ခါးလေးထောက်ကာ ရန်တွေလာသော
သူမလေးအား ဘုန်းမြတ် ပြုံး၍သာ
ကြည့်နေလိုက်သည်။ဆံနွယ်အရှည်ကြီးအား ထိပ်တွင်တင်ထုံးထားပြီး ဖြူကာ ဝင်းစက်နေသော သူမပုံလေးမှာ
ကလေးလေး တစ်ယောက်နှင့်တူနေတော့သည်။သူမအား အိမ်ကို စခေါ်လာကထည်းက
အဖေနဲ့အမေမှာ ချစ်သွားပြီး သူမအား
မွေးစားရန် ဆုံးဖြတ်ခဲ့တာဖြစ်သည်။သူမရဲ့ တောင်းဆိုချက်ကြောင့် သူမ
မိသားစုဆီကိုလဲ အသိမပေးရန်ပြောသောကြောင့် အခုအချိန်ထိ သူနှုတ်ပိတ်နေခဲ့တာ
ဖြစ်သည်။စတွေ့ချိန် သူမရဲ့ပုံစံလေးအား
ပြန်စဥ်းစားမိရင် သူမရဲ့ ပင်ပန်းနေသော
အမူအရာများကြောင့် သူရင်ထဲစို့တက်လာသည့်အထိ။အနေကြာလာတော့လဲ သူမအား ညီမလေး
တစ်ယောက်လို ချစ်မိလာကာ အခုတော့
အလိုလိုက်ထားသောကြောင့် ညီမဆိုးလေး
ဖြစ်နေပါပြီ။စရောက်ထည်းက အပြင်သို့ ခေါ်မရသောကြောင့် သူမစိတ်ပျော်စေရန်အတွက်
ခြံထဲမှာ ပန်းဥယာဥ်လေးလုပ်ပေးခဲ့ကာ
အပင်စိုက်ဝါသနာပါသော သူမကြောင့်
အခုဆို ပန်းစည်းလုပ်ငန်းအပြင် ပန်းပင်
ရောင်တာ အတော်အောင်မြင်နေပြီ ဖြစ်သည်။သူတို့ဘဝထဲ သူမစရောက်လာကထည်းက
တစ်အိမ်သားလုံး အပြုံးတွေဖြင့်သာ
တစ်နေ့တစ်နေ့ကုန်ဆုံးနေရတော့သည်.
KAMU SEDANG MEMBACA
ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete)
Romansaမှတ်တမ်းရင့်+ရွှေပုံကမ္ဘာ