အချစ်ဦးကို ဘယ်အချိန်မှာ
စတွေ့ခဲ့လဲ????တကယ်ဆို အဲ့ဒီ မေးခွန်းကို သူများတွေ
ဖြေနိုင်လောက်ပေမယ့် ကျနော့်အတွက်တော့
နည်းနည်း ကြောင်တောင်တောင် နိုင်ပါတယ်။ဒါပေမဲ့...အင်း..။
ကျနော်ဟာ လူတစ်ယောက်ကို
ဘယ်အချိန်က စချစ်မိမှန်း
မသိအောင် ချစ်မိသွားခဲ့တယ်။ပထမဆုံး စချစ်မိတဲ့သူမို့
အဲ့ဒီလူဟာ အချစ်ဦးလို့ဘဲ ဆိုကြပါစို့။..................
သူနဲ့စတွေ့တုန်းက ကျောင်းအုပ်ရုံးခန်းထဲမှာ။
သူက စာတင်မက အားကစား၊ အနုပညာပါ
အဖက်ဖက်ကတော်တဲ့ ကျောင်းသားမို့
အတန်းလဲ မတူ၊ လူချင်းမရင်းနှီးရင်တောင်
သူဘယ်သူဆိုတာကို ကျနော်ဟာ သိပါသည်.။Park Sunghoonဟာ Drama တွေထဲက
အဓိကဇာတ်ဆောင် ပုံစံမျိုး။
သိတယ်မဟုတ်လား..။
လည်ပြန်လှည့်ကြည့်စရာ ရုပ်ရည်အပြင်
သူများ မနာလိုအားကျပြီး သေသွားနိုင်တဲ့
ဦးနှောက်ကိုပါ ပိုင်နေသေးတာ။ပြောရမယ်ဆို အဲ့ဒီတုန်းက သူဘာကိစ္စနဲ့
ကျောင်းအုပ်ရုံးခန်းရောက်နေရသလဲတော့
ကျနော် မသိပါ။ ကျတော့်လိုတော့ မဟုတ်တာ
သေချာသည်..။ကျောင်းကောင်စီ ကိစ္စ၊
ဒါမှမဟုတ် ပြိုင်ပွဲ တစ်ခုခုကြောင့်
ဖြစ်လိမ့်မည်။သူကျနော့်ကို သိလား၊ မသိလားဆိုတာကိုတော့
အဲ့ဒီ အချိန်က ကျနော် ဘယ်လိုမှ အာရုံမရ
သလို စိတ်လဲ မဝင်စားပါ...။သိရင်လဲ သိပါလိမ့်မည်။ကျနော်က ကျောင်းရဲ့ လူဦးရေတစ်ဝက်လောက်နဲ့ ရင်းနှီးတဲ့
လူဆိုတော့။ မသိတာလဲ ဖြစ်နိုင်သည် ။
ကျနော်တို့က အခန်းမတူတဲ့ အပြင် ကျနော်က
ကျောင်းမှာ မရှိတာက ခပ်များများရယ်။ထားတော့..။ ရှည်ရှည်ဝေးဝေးတွေးနေရအောင်
အဲ့ဒီအချိန်မှာ ကျနော်ကကျောင်းအုပ်ရုံးခန်းထဲကို
ကောင်းသော အကြောင်းအရာနဲ့
ရောက်နေတာလဲ မဟုတ်...။ကျောင်းပြေးတာကို အဲ့ဒီတစ်ခေါက်မှာ
ကွိခနဲမိသွားခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲအနေနဲ့
ကျောင်းခေါ်ချိန်ပါ မပြည့်တာတွေများလို့
အတန်းပိုင်ဆရာမဟာ စိတ်ကုန်ပြီး
ကျတော့်ကို ကျောင်းအုပ်ဆီပို့လိုက်သည်။

YOU ARE READING
First Love Story { SUNSUN }
FanfictionI want you to want me. Park Sunghoon- Kim Sunoo One-shot