Part 25
ကားပိုင်ရှင်ကိုလျော်ကြေးငွေကိစ္စညှိနှိုင်းရန်သွားခါမှကားဖိုးကလျော်နှင့်ပြီးသားဖြစ်နေ ၏။ကြားကြားခြင်းအကြင်နာတို့အံ့ဩသွားကြသည်။ဒီလောက်ငွေအများကြီးကိုဘယ်သူကလာပေးသွားတာလဲစဉ်းစားကြပေမဲ့အဖြေပေါ်မလာခဲ့ပေ။ကိုကိုထွန်းလည်းမဟုတ်တာသေချာသည်။သူ့တောင်ဘယ်သွားရှာရမလဲမသိဖြစ်နေတာ။အဖမ်းခံရမှာကြောက်နေရှာတာနေမည်။မေမေကသူ့သားတော့ထောင်ကျခံမည်တဲ့လား။
ကားကပြင်လို့ရပေမဲ့100%တော့မကောင်းသည်မို့ကားတန်ဖိုးငွေကထင်တာထက်များသွားလေသည်။ကားပိုင်ရှင်ကိုသူ့ကားတန်ဖိုးအတိုင်းလျော်ရဖို့ကပိုများနေသည်။မေမေ့အိမ်ရောင်းရင်တောင်လောက်မည်မထင်ပေ။သို့သော်ကားပိုင်ရှင်ဆီရောက်မှမထင်မှတ်ထားလေသည်ကကြားရလေ၏။
ကားပိုင်ရှင်ပေးလိုက်တဲ့လိပ်စာကပ်တစ်ခုကြောင့်ကားအတွက်လျော်ကြေးငွေဘယ်သူပေးခဲ့သလဲဆိုတာ အကြင်နာသိလိုက်ရပေသည်။ Dragon Group CEO Sanay U Khite ဆိုသည့် visitingကဒ်လေးကဘယ်သူဆိုတာညွှန်ပြနေလေသည်။
မေမေကတော့ပျော်လွန်းလို့မျက်ရည်တွေကျနေပေမဲ့မပျော်နိုင်သူကအကြင်နာပါလေ။ကိုကိုနဲ့ငွေကြေးကိစ္စပတ်သတ်မှု့မရှိချင်ပေ။အဆက်သွယ်ဖြင့်မလုပ်ပဲအိမ်ကိစ္စကိုဘယ် လိုသိသွားပြန်သလဲမသိ။အကြင်နာပြောပြတာဆိုလို့ဖူးငုံနဲ့သျှင်မင်းသာရှိသည်။ဖူးငုံကပြောကိုပြောပြရမဲ့သူဆိုပေမဲ့သျှင်မင်းကတော့ထိုကိစ္စကိုသိပြီးလာမေးတာမို့အကြင်နာသူငယ်ချင်းကိုရင်ဖွင့်တဲ့အနေနဲ့ပြောပြဖြစ်ခဲ့သည်။ထိုနှစ်ယောက်ပဲအကြင်နာတို့အိမ်ကိစ္စကိုသိတာဖြစ်သည်။
ကားကိစ္စကိုရှင်းပေးတဲ့သူကိုဘယ်သူလည်းမေးနေသည်မို့မေမေနဲ့ကိုကိုလင်းကိုတော့အကြင်နာကြည့်ကောင်းအောင်ပြောခဲ့ပြီးရန်ကုန်ကိုတက်လာခဲ့သည်။ကိုကို ဘယ်လိုစိတ်ကူးနဲ့ဒီပိုက်ဆံအများကြီးကိုပေးခဲ့သလဲဆိုတာမေးရမည်။
****************
အကြင်နာ သူ့ရုံးခန်းထဲဝင်လာပေမဲ့ စနေဦးခိုက် သည်အလုပ်နဲ့လက်မပြတ်ပဲလုပ်စရာရှိနေသည်သာကိုအာရုံစိုက်နေသည်။အကြင်နာသည်စနေ့ရဲ့ရှေ့တည့်တည့်မှာထိုင်နေပေမဲ့ စနေဦးခိုက် ဘက်မှအကြည့်တစ်ချက်ဖြင့်တောင်အကြင်နာဆီကိုမျက်လုံးတွေကိုမရွေ့။အကြင်နာ ဒီအတိုင်းထိုင်ပြီး စနေစကားပြောလာမည့်အရေးကိုစောင့်နေတာ15 minutes နီးပါးရှိလေပြီ။
KAMU SEDANG MEMBACA
Love is born, because of you(Complete)
Nonfiksiစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22