အပိုင်း(၃၂)
အိမ်ကြီးတွင်တိတ်ဆိတ်ခြောက်ကပ်နေပြီး စွဲညှို့အိမ်ထဲဝင်လိုက်ချိန်တွင် အိမ်ပေါ်မလေးရောက်လာကာ
"မမလေး .."
"ဘာဖြစ်လာတာလဲ ရေးကြီးသုတ်ပြာနဲ့ ဖွားဖွားနဲ့ဖေဖေရော"
"မမလေး ဖွားဖွားကြီးကျန်းမာရေးအတော်မကောင်းဖြစ်နေတယ် "
"ဟမ် ဟုလား.."စွဲညှို့အပြေးလေး ဖွားဖွားအခန်းဆီသို့ သွားခဲ့သည်
အခန်းထဲအရောက်တွင် ဖွားဖွားကိုဆရာဝန်ကြီးကစမ်းသပ်နေတာကိုတွေ့လိုက်ရသည်
စွဲညှို့လည်း အနားကိုသွားကာ
"ဖေဖေ ...ဖွားဖွား ဘာဖြစ်တာလဲ"
ဖေဖေကတော့ပုံမှန်အတိုင်းပဲ
"သမီးအဖွားအခုတလော သိပ်ပြီးမစားဘူး တရှောင်ရှောင်နဲ့လေ အာ့ကြောင့် အခုလိုဖြစ်ရတာပဲ"
"ဟူးး.ညှို့ကြောင့် ညှို့ကြောင့်လားဟင်.."
"သမီးရယ် တွေးပြီးဝမ်းမနည်းပါနဲ့ သမီးဖွားဖွားက ဒီလိုပါပဲ သူစိတ်အခြေနေမကောင်းရင်အမြဲဒီလိုပဲဟာ သမီးကြောင့်ရယ်မဟုတ်ပါဘူး ဒါနဲ့သမီး အလုပ်ကပြန်လာတာလား"
"မဟုတ်ဘူးဖေဖေ ဒီနေ့ခေတ်မွေးနေ့လေ အဲ့တာ သူနဲ့အတူရှိနေတာ"
"အင်း ဟုတ်ပါပြီ သမီးခနသွားနားဦးမလား နောက်မှလာရင်လာခဲ့လေ"
"ရတယ်ဖေဖေ ဖွားဖွားနားခနနေပေးလိုက်မယ်"
ဦးနေလင်းညှို့ စွဲညှို့ပခုံးကိုပုတ်ပေးလိုက်ပြီး ဆရာဝန်နဲ့အတူ အပြင်ထွက်သွားတော့သည်စွဲညှို့လည်း ဖွားဖွားခုတင်ဘေးသွားထိုင်ကာ ဆံစတချို့ကိုသပ်တင်ပေးလိုက်သည်
ဖွားဖွားကတော့ အိပ်ပျော်နေရှာသည်
"ဖွားဖွားရယ် မြေးကိုဆုံးဖြတ်ရခက်အောင်မလုပ်ပါနဲ့"သက်ပျင်းလေးချကာ ပြတင်းပေါက် အပြင်ဘက်ကို စိတ်ပျက်လက်ပျက် ငေးနေမိသည်.…………...........
စွဲညှို့ ထံဖုန်းဝင်လာပြီး ဆက်သွယ်ထားသောသူတစ်ချို့ အကြောင်းပြန်လာကြသည်
ဒေါ်လေးနှင့်ဦးငယ်ပင် ဦးငယ်ကတော့ ပြန်လာမည်ဆိုပေမယ့် ဒေါ်လေးကတော့ အင်တင်တင်ပင် ဦးငယ်ပြန်လာမည်ဆိုတာကလည်း ဘယ်နေ့ဘယ်ရက်ရယ် တိတိကျကျမရှိပေ စွဲညှို့အားပင်မရှိတော့ပါ ဖေဖေတစ်ယောက်ထဲနှင့် ဖွားဖွားကိုအထီးကျန်စွာ ပြစ်မထားရက်ပါ ဒေါ်လေးနှင့်ဦးငယ်သာ ဆက်ဆက်ပြန်လာဖြစ်ခဲ့ရင် ဖွားဖွားအခြေနေကောင်းလာနိုင်လိမ့်မည်ထင်သည် ဖွားဖွား ယခုအခြေနေနဲ့ဆိုရင် သူရန်ကုန်ကိုပြောင်းရွှေ့ဖို့ကိုစဉ်းစားရပေဦးမည်
YOU ARE READING
မေတ္တာ 'လွန်'
Fiksi Remaja'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...