{ 71 } ZG

2.4K 70 7
                                    

မင်းသခင်ခက်ထန် ခေါင်းတော်တော်နာသွားတာကြောင့် ခေါင်းလေးကို ပွတ်ရင်း ဧည့်ခန်းထဲ ပြန်ဝင်လိုက်တာနဲ့ ဉီးခက်ထန် က မြေးဖြစ်သူကို မျက်ခုံးပင့်ပြရင်း ပြုံးပြသည်။

မင်းသခင်ခက်ထန် သူ့အဘိုးကို မြင်တာနဲ့ပြေးဖက်ကာ သူ့ Daddy ကို တိုင်ပြောတော့သည်။

"Daddy ကို သူ့ယောက်ျားနဲ့ တစ်လ လောက် ခွဲပစ်လိုက် "

"ဘာလို့တုန်းမြေးရဲ့ တကယ် ခွဲရမှာက မြေးလို့ ထင်တယ်နော် "

မင်းသခင်ခက်ထန် သူ့အဘိုးရဲ့ စကားကြောင့် မျက်မှောင် ကျုံ့မိသွားသည်။

"သား နဲ့ ဘာဆိုင်လို့လဲ "

"7 July က ဘာနေ့လဲ မေ့နေတာလား "

"ကျစ်....."

မင်းသခင်ခက်ထန် ဒီရက်စွဲကြီးကို တကယ်ပင် စိတ်ပျက်သည်။

အခုမှ ညားခါစ ပူပူနွေးနွေး ယောက်ျားလေး နဲ့ ခွဲရတော့မှာမို့လဲ မခွဲရက်နိုင်ချေ။

(7 July)  မှာ  ငါးနှစ် တစ်ကြိမ်  ဂိုဏ်းပေါင်းစုံ စုဝေးပွဲ လုပ်သည်။ လွန်ခဲ့သော ၁၀နှစ်တုန်းက ဒီလိုရက်ရဲ့ သူ့အသက် ၁၀ နှစ်ပြည်မှာ ဆက်ခံသူ အဖြစ် ကြေညာခဲ့သည်။

သူ့အသက် ၁၅ နှစ်မှာ ဂိုဏ်းချုပ်အဖြစ် လျာထား ခံရခဲ့သည်။အရင်ကတော့ သူ့အတွက် ဒီရက်က သိပ်ကိစ္စမရှိတဲ့ သာမန်ရက်သာသာပင်။သို့ပေမဲ့ ယခုအချိန်မှာတော့ သူတကယ်ကို ပူလောင်နေရပြီ။

သေချာတာ တစ်ခုက  ယခု သူ့အသက် ၂၀ မှာတော့ ဂိုဏ်အားလုံး ရဲ့ ဂိုဏ်း ချုပ် အဖြစ် ဆက်ခံရမှာပင်။ သူဘယ်လို မှ ရှောင်လွှဲ လို့ မရနိုင်တာကြောင့် သွားကို သွားရမည်။

မင်းသခင်ခက်ထန် မျက်နှာအနေအထားကို ဉီးခက်ထန်ကြည့်ရင်း ချမ်းဆောင်းဟန် နဲ့ မခွဲနိုင်မှန်းရိပ်မိတာကြောင့် မင်းသခင်ခက်ထန် ရဲ့ ပခုံးလေးကို ဉီးခက်ထန် ပုတ်ပေးပြီး စိတ်ဖြေလျှော့ခိုင်းသည်။

"မြေး စိတ်မချဘူးဆို C .....ချမ်းဆောင်းဟန် ကိုပါ ခေါ်ခဲ့လေ "

မင်းသခင်ခက်ထန်က သူသာ ဒုစရိုက်မှူတွေ လုပ်ချင် လုပ်လိမ့်မည်။ ချမ်းဆောင်းဟန်လို အဖြူထည်လေးကိုတော့ အဖြူထည် အတိုင်းလေးပဲ ထားချင်သည်။ သူ့အလုပ်က အရမ်း အန္တရာယ်များလွန်းတာကြောင့် အဲ့လောကမှာ ကိုကို့ ကို လုံးဝ စိတ်မချနိုင်ချေ။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now