Story 22

2.3K 130 11
                                    

Unicode
................

မူကြိုကျောင်းလေးတစ်ခုတွင် ဦးရိပ်တစ်ယောက် သက်ပြင်းလေးချကာ ငေးငိုင်လို့နေသည်။ ဦးရိပ်က နဂိုတည်းက တစ်ယောက်တည်း ကစားနေတတ်သည်မို့ ဆရာမတွေက သတိမထားမိသော်လည်း ရိပ်ရိပ်ကတော့ သတိထားမိလေသည်။

''အဦး.... ဘာလုပ်နေတာလဲ။ ငါတို့ ပါဝါရိန်းဂျားလုပ်တိုင်း ဆော့မလို့။ အဲ့ဒါတူတူဆော့ရအောင်။''

''အွန်း... ငါဆော့ချင်သေးဘူး''

''ဟင်...ဘာလို့လဲ။ ပျော်စရာကောင်းပါတယ်။ ပန်းပန်းလည်းပါမှာလေ''

''ပါဝါရိန်းဂျားက ငါးယောက်ရှိမှရမှာပေါ့... ငါတို့ကသုံးယောက်တည်းရယ်''

''သုံးယောက်တည်းဆော့မှာပေါ့။ ပါချင်တဲ့သူရှိလည်း ခေါ်လိုက်မှာပေါ့ဟ''

''ဟွန်း...တော်ပါပြီ... ငါဆော့တော့ဘူး... နင်တို့ဘာသာပဲဆော့တော့''

''ငါက အဦးနဲ့တူတူဆော့ချင်လို့ဟာကို။''

ဟု နှုတ်ခမ်းကြီးဆူကာ ရိပ်ရိပ်ကပြောလာသည်။ ထို့နောက် လက်ကြီးပိုက်ကာ ဦးရိပ်ဘေးနားတွင် ထိုင်ချလိုက်လေသည်။

''ဟူး....''

''ဘာဖြစ်နေတာလဲ... ဖေဖေကြီးကဆူလိုက်လို့လား''

''ဟုတ်ဘူး... ဖေဖေက ဦးလရောင်နဲ့ လက်ထပ်တော့မလို့တဲ့''

''လက်ထပ်တယ်???''

''အင်း... လက်ထပ်တော့မှာတဲ့။ ''

''အဲ့ဒါကဘာလုပ်တာလဲဟင်''

''ဖေဖေက အဲ့ဦးဦးနဲ့လက်ထပ်လိုက်ရင် အဲ့ဦးဦးက ငါတို့ရဲ့ မေမေဖြစ်လာမှာတဲ့''

''ဟင်... အာ့ဆို ပါပါးကကော''

''သိဘူး... တူတူမနေရတော့ဘူးပေါ့ဟ''

''ဟာ... အဲ့လိုမရဘူးလေ... ငါကဖေဖေနဲ့ပါပါးတို့နဲ့ အတူတူနေချင်တာလေ''

''ဘယ်လိုလုပ်ရမှာလဲ...ဖေဖေက နောက်တစ်ပတ်ဆိုရင်ပဲ လက်ထပ်တော့မှာကို''

''ဟင်.... အာ့ဆိုခဏနေဦး.... ငါစဥ်းစားလိုက်ဦးမယ်။ မင်းပြောတဲ့ဦးဦးက ဟိုတစ်ခါငါဖေကြီးဆီသွားတုန်းက တွေ့တဲ့ဦးလေးကြီးပဲ ဖြစ်လိမ့်မယ်''

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedDonde viven las historias. Descúbrelo ahora