<< Unicode >>
Waiting For Love
စားပွဲဝိုင်းတွင်ထိုင်နေသောကောင်လေးသုံးယောက် ။
" ဂျီဆောင်း မင်းကဘာလာလုပ်တာလဲ? "
"မသိချင်ယောင်ဆောင်မနေနဲ့ မင်းဘာအချိုးချိုးထားလည်း ဆိုတာပြန်စဉ်းစားလိုက်အုံး "
" ငါ ဘာမှမလုပ်မိဘူးထင်တာပဲ "
" တောက်! ငါ့ဒေါသကိုမဆွစမ်းနဲ့ "
ဂျီဆောင်းကဒေါသတကြီးပြောတော့ ဂျောင်၀ူးက မဲ့ပြုံးပြုံးကာ
" မင်းကို မေမေတို့နဲ့လာတွေ့ဖို့တစ်ပတ်အချိန်ပေးထားတာပဲ မင်းမလာတော့ ငါက လာအောင်လုပ်ရတာပေါ့ "
" မင်းရဲ့ သောက်ဖြစ်မရှိတဲ့လုပ်ရပ်က ငါ့ကို ငရဲတွင်းထဲပို့လိုက်သလိုပဲ မမြင်ချင်ဆုံး ပတ်ခ် ဥက္ကဌကြီးကို မြင်လာရတယ် "
ပတ်ခ် ဥက္ကဌကြီးဆိုတဲ့အသံကြားတာနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်လာတဲ့ ဂျွန်ဂယူ ကို ဂျောင်၀ူးရော ဂျီဆောင်းပါသတိထားမိသည် ။
" ဂျွန်က ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ? "
ဂျီဆောင်းကမေးတော့ ဂျောင်၀ူးက ပြေပြေလည်လည် ဖြေဆိုသည်။
" မင်းနဲ့ဘာဆိုင်လဲ? "
ဂျောင်၀ူးက ကြားဖြတ်ပြောသလိုဖြစ်သွားကာ ဂျွန်ဂယူရဲ့စကားတွေကလေထဲတွင်ပျောက်ရှကုန်သည်။
" ဘာမှတော့မဆိုင်ပါဘူး ဒါမဲ့ အချစ်ဦးကပြန်ပေါ်လာပီဆိုတော့ ဟိုဇယားလေးကို ဘယ်လိုလုပ်မလည်းဆိုတာသိချင်လာမိလို့ပါ "
ဂျီဆောင်း ပြောတဲ့ဇယားလေးဆိုတာ ကင်မ်ချန်းလော့ကို ပြောမှန်း ဂျောင်၀ူးသိသည်။
" ဒါ ငါ့ကိစ္စပါ ငါ့ကိစ္စတွေကို ပတ်ခ်ဂျီဆောင်းက ဘယ်အချိန်ကထဲက စိတ်ဝင်စားသွားလည်းမသိဘူးနော် "
"ကျစ် သောက်ရေးမပါတာ ငါပြန်တော့မယ် နောက်တစ်ခါ ဒီနေ့လိုသောက်ရေးမပါတဲ့ လုပ်ရက်တွေလုပ်လို့ကတော့ မင်းကို သေမင်းဆီ ပို့ပေးလိုက်မှာ "
" ကိုယ့်ညီလေးကပို့မှတော့ ငါဆိုတဲ့ကောင်ကလည်းပျော်ပျော်ကြီး သွားလိုက်မှာပေါ့ "