<< UNicode >>
Waiting For love ~~
ဂျွန်ဂယူက မှန်တွေကနေတစ်ဆင့် အပြင်လောကရဲ့ ရှုခင်းလေးတွေကို ကြည့်ရင်း ငြိမ်သက်လို့နေသည် ။သူ့ခေါင်းထဲမှာလည်း အတွေးပေါင်းစုံနဲ့ပေါ့။ ဒီနေ့မှ ထူးထူးဆန်းဆန်း လွန်ခဲ့တဲ့ 18နှစ်က ခံစားဖူးတဲ့ စိတ်လေးလံမှုကို တိုက်တိုက်ဆိုင်ဆိုင် ခံစားနေရသည်။
'ငါကြောက်တယ် မောင် မင်းကိုထပ်ပြီး ထားခဲ့ရမှာကို ငါအရမ်းကြောက်တယ် '
< လွန်ခဲ့သော 18 နှစ် ဂျောင်၀ူး ကနေဒါ သွားမည့်ရက် >
ဂျွန်ဂယူ စိတ်ထဲလေးလံနေသည်။ဂျောင်၀ူးကလည်း ခရီးသွားမည်ဆိုတော့ တစ်ခုခုတော့မဖြစ်လောက်ဘူးမလား?မကောင်းတဲ့အတွေးတွေကို ခေါင်းထဲက ရှင်းထုတ်ကာ ဂျွန်ဂယူ ပတ်ခ်အိမ်တော် သို့ထွက်လာခဲ့သည်။
ပတ်ခ်အိမ်တော်သို့ရောက်သည့်အချိန်တွင်တော့ ဂျောင်၀ူးတို့ဟာ လေဆပ်သို့သွားပြီတဲ့လေ အဲ့နေ့ကသာ နောက်ဆုံးတွေ့ဆုံချင်းဖြစ်ခဲ့မယ်ဆို တာသိရင် ဂျွန်ဂယူ နောက်ကျခဲ့မည်မဟုတ်။
"ဂျွန် စကားပြောကြရအောင် "
ပတ်ခ် ဥက္ကဌကြီးရဲ့ သြဇာရှိလှတဲ့အသံ
"ဟုတ်ကဲ့ "
"ဂျောင်၀ူး အသက်က 14နှစ်ပဲရှိသေးတာ မင်းသိတယ်မလား?"
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ် "
"14နှစ်ဆိုတာ စိတ်ကစားတက်စအရွယ်ပေါ့ ဂျောင်၀ူးရဲ့အချစ်ကို မင်းယုံသလား "
"........"
"ငါတို့က ဂျောင်၀ူးတွက်ဆို သူဖြစ်ချင်သမျှကို ပံ့ပိုးကူညီပေးမှာ သူ့အတွက်ကျန်ရှိတဲ့ဘ၀တစ်လျှောက်ကို အမြင့်ဆုံးထိ ရောက်အောင် ငါက ပံ့ပိုးမှာ "
"......"
"ဒါမဲ့ ဘယ်သူသိမှာလည်း ငါ့မြေးရဲ့ အသက်14နှစ်မှာ ဆူးညှောင့်ခလုတ် ပေါ်လာမယ်ဆိုတာ "
"ဥက္ကဌကြီး! "
"ငါပြောတာပဲနားထောင်.... ငါက ငါ့မြေးအတွက် ပန်းခင်းလမ်းပဲ ခင်းပေးချင်ခဲ့တာ ရှိလာမယ့် ဆူးခင်းလမ်းမှန်သမျှကို လည်း အမြစ်ဖြတ်သုတ်သင်ပစ်ရမှာပဲ ငါပြောချင်တာကို မင်းနာလည်လားး "