<< UNicode >>
Waiting For Love~
တောင်ကုန်းလေးပေါ်မှာ အိမ်လေးတစ်လုံး ဘေးပတ်ပတ်လယ်မှာတော့ ပန်းမျိုးစုံ ဖူးပွင့်နေသည်။ အိမ်ကလေးက တစ်ထပ်အိပ် တိုက်ပုလေးပေမယ့် သူတို့သားအဖ နှစ်ယောက်အတွက်တော့ ကျယ်တောင်ကျယ်နေသေးသည် ။
ဒီနေရာက မြို့နဲ့အနည်းငယ် အလှမ်းဝေးတာကြောင့် တစ်အိမ်ထဲ သီးသန့်လိုဖြစ်နေသည်။" Daddy နေရာလေးက ချစ်စရာလေးနော် အေးချမ်းလိုက်တာ "
" လော့လော့ သဘောကျရင် ပြီးတာပါပဲ လာdaddy တို့အိမ်ထဲ၀င်ရအောင် "
အိမ်ထဲမှာက လည်း အပြင်အဆင်လေးတွေက အတော်လှသည်။ စိတ်ချမ်းမြေ့စေသည် အခန်းက အားလုံးပေါင်း သုံးခန်း ဖွဲ့ထားသည်။ မီးဖိုချောင်လေးကလည်း ကျယ်သည်။ အိမ်လေးကတကယ့်ကို နေချင်စရာလေးဖြစ်လို့နေသည်။
" လော့လော့ အခန်းတစ်ခန်း ရွေးလိုက်နော် "
"ဟုတ် ချန်းရွေးပြီးပီ ဒီအခန်းလေး "
" ဟုတ်ပြီ ပစ္စည်းတွေနေရာချလိုက်နော် Daddyလည်း နေရာချပြီးရင် လော့လော့ဆီလာခဲ့မယ် "
" ဟုတ်ကဲ့ "
ချန်းလော့က အခန်းလေးထဲ ၀င်ကာ တစ်ယောက်အိပ်ကုတင် လေးထက် လှဲချပစ်လိုက်သည် ။မှန်ပြတင်းပေါက်လေးကနေတစ်ဆင့် နေရောင်နွေးနွေး တွေကျရောက်နေတဲ့ ပန်းအဝါရောင်လေးတွေကို ကြည့်ရင်း
" အကို ဂျီဆောင်းကို လွမ်းလိုက်တာ တောင်းပန်ပါတယ် ထားခဲ့မိလို့..... "
Daddyရဲ့စကားအသွားအလာတွေအရ တစ်ခုခုဖြစ်နေမှန်း ချန်းလော့သိသည် ။ မမေးဖူးဆိုတာက daddyဘက်ကပြောပြမှာမဟုတ်ဘူးဆိုတာ ခံစားမိခဲ့လို့ ။ချန်းလော့က daddyဖြစ်စေချင်တဲ့အတိုင်း လိုက်လျောချင်ခဲ့ရုံသာ ။
' ဘာအကြောင်းရာတွေကြောင့်အခုလို ထွက်ပြေးလားခဲ့တာလဲ Daddyရယ် '
ထို့နောက် အင်္ကျီလေးတွေ ထုတ်ကာ ဘီရို လေးထဲ ထည့်နေတော့သည် ။
.
.
.
.
.
.
.
.
.
.
.
.
.
ဂျွန်ဂယူ က အင်္ကျီလေးတွေကို အိတ်ထဲက ထုတ်နေရင်း အတွေးတွေဟာပြန့်လွင့်နေခဲ့သည် ။