"ငယ်ချစ်ဦးမို့ လွဲခဲ့သည်"

1.2K 75 7
                                    

Note :

စိတ်ကူး‌ထဲ ပေါ်လာတာ ကောက်ရေးထားတာမလို့ နည်းနည်းကြောင်တောင်တောင်နိုင်ရင် နိုင်နေပါလိမ့်မယ်
Sorry for that👆

ငယ်ချစ်ဦးမို့ လွဲခဲ့သည် ကတစ်ပိုင်းထဲ အပြီးပါနော်
Topက ကင်ထယ်ယောင်းဖြစ်ပြီး
Bottom က ဂျွန်ဂျောင်ဂုပါ

👆ဒီဟာကို သဘောကျတယ်ဆိုမှ ဖတ်ပေးပါ

..............................................

Jungkookတစ်ယောက် မိုးလေးတွေကျနေတဲ့အချိန်မှာ ပြတင်းပေါက်လေးနားထိုင်ပြီး အခုထိမေ့မရနိုင်သေးတဲ့ ငယ်ချစ်ဦးအကြောင်းကို တွေးတောနေမိသည်။

Flash back

ငယ်ရွယ်စဉ် အချိန် သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တက်တဲ့ 7တန်းအရွယ်‌လောက္မှာ ငယ်ချစ်ဦးကို ရှာတွေ့ခဲ့လေသည်။

သူနဲ့ကျနော်ဟာ 6တန်းအထိ တစ်ကျောင်းထဲ ဆိုပေမဲ့ ထို6တန်းအထိ တစ်ခွန်းနှစ်‌ခွန်းလောက်သာ ပြောဖူးဆိုဖူးရှိသူများဖြစ်ကြသည်။

သို့သော် ကျနော်တို့ 7တန်းရောက်ကျတော့ အခြေအနေတွေကပြောင်းလဲလာခဲ့သည်။
ကျနော် ငယ်ငယ်ကတည်းကပေါင်းလာခဲ့သော ငယ်သူငယ်ချင်းတစ်ယောက်ရှိသည်။
သူ့နာမည်က Park Jiminတဲ့
ဆိုးဖော်ကောင်းဖက် ညီအစ်ကိုလို သူငယ်ချင်းလိုခင်ခဲ့ကြသည်လိုပင်ဆိုနိုင်သည်။

ကျနော့်သူငယ်ချင်း Park Jiminမှာ သူအမြဲပြောနေကြစကားလေးတစ်ခွန်းရှိသည်။
ဘယ်နတန်းပဲရောက်ရောက် "ငါတို့ အလယ်ရိုးရဲ့ ဒုတိယခုံမှာပဲ ထိုင်ကြမယ် "ဆိုပြီးတော့ပေါ့

ကျနော်ကလဲ နေရာကအဆိုးကြီးမဟုတ်တော့ အမြဲသူနဲ့အတူ အတန်းရဲ့အလယ်ရိုးရဲ့ ဒုတိယခုံမှာပဲလိုက်ထိုင်ဖြစ်သည်။
7တန်းရောက်တော့လဲထိုနည်းတူပင်
အတန်းထဲက အလယ်ရိုးရဲ့ ဒုတိယခုံမှာပဲ နှစ်ယောက်သား အတူတူထိုင်ဖြစ်ခဲ့ကြသည်။

ဖြစ်ချင်တော့ ကျနော်တို့ရှေ့မှာ မိန်းကလေးသုံုးယောက်က ထိုင်လေသည်။
အတန်းထဲက အလယ်ရိုးရဲ့ဘေးက ထောင့်ဆုံးရိုးမှာကျ ယောကျာ်းလေး သုံးယောက်အတူထို‌င်လေသည်။

7တန်းနှစ်စ တစ်လတွင်တော့ပြဿနာမရှိထိုအတိုင်း ဖြတ်သန်းခဲ့ကြသည်။
သို့သော် တစ်လကြာပြီးနောက် အတန်းပိုင်ဆရာမမှာ ကျနော်တို့‌ေရှ့က မိန်းကလေး သုံးယောက်နှင့် ထောင့်ဆုံးတန်းရဲ့ ရှေ့ဆုံးခုံက ယောကျာ်းလေးသုံးယောက္မှာ အရမ်းစကားများသောကြောင့် ထိုသို့ခွဲပစ်လိုက်လေသည်။

"ငယ်ချစ်ဦးမို့ လွဲခဲ့သည်" (One Short) CompletedWhere stories live. Discover now