အပိုင်း(26)

571 20 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(26)

မုယွမ်ယွမ်မှာ အဲ့ဒီအတိတ်တွေကြောင့် turma တောင်ရခဲ့ရတဲ့အထိပဲ သူမ ပေါ့ပျက်ပျက်နဲ့အတိတ်တွေကိုနောက်ချန်ပြီးကြီးပြင်းလာရပေမဲ့လဲ လောကကြီးအပေါ်မြင်နေတဲ့သူမရဲ့သုံးဖက်မြင်ကတော့ဆိုးရွားနေခဲ့တယ်

မုပါးပါးက မယုံနိုင်စွာ မုယွမ်ယွမ်ကိုလက်ညိုးထိုးနေပြီး ပါးစပ်ကလဲ

"ငါမီးကိုမွေးခဲ့မိတာပဲ"

မုပါးပါး ယိုင်နဲ့သွားတယ်

သူ့သမီးက ဒီလောက်ထိ ရက်စက်တတ်မယ်လို့လုံးဝထင်မထားခဲ့ဘူး

"ပြီးတော့ ဝူလင်းယန်ကိုလက်လွတ်ပေးလိုက်ပါတော့ သမီးကိုအကြောင်းပြပြီးချုပ်နှောင်ထားတာ တော်သင့်ပြီ သူက ဘယ်တော့မှ သမီးကိုပြန်ကြိုက်လာမှာမဟုတ်ဘူး သမီးသူ့ကိုဆယ်နှစ်စောင့်ခဲ့ပြီးပြီ သစ်တုံးကြီးလိုလူက သမီးကိုတောင်မကြိုက်ခဲ့တာ အဖေကဘာလို့ ချုပ်ကိုင်ထားချင်နေတာလဲ လွတ်ပေးလိုက်တော့"

မုယွမ်ယွမ် သူမအဖေရဲ့တုန်လှုပ်နေတဲ့အကြည့်တွေကြားလေသံကိုလျော့ပြီးပြောလိုက်တယ်

တခြားတော့မဟုတ်ဘူး ဒိအတိုင်း မေ့လဲသွားတဲ့ဇတ်ဝင်ခန်းတွေဖြစ်လာမှာစိုးလို့

"ကောင်းမင်ထျန်းကို စိတ်ကျေနပ်အောင်သွားတောင်းပန်ပါ အဖေ့ကြောင့် စတောင်မစရသေးတဲ့သမီးရဲ့အချစ်ရေးက ဆုံးခန်းတိုင်တော့မယ် ပျော်မှပျော်ရဲ့လားဟင်? "

"မတောင်းပန်နိုင်ဘူး! ! အဲ့ခွေးလိုကောင်ကို ငါကဘာလို့သွားတောင်းပန်ရမှာလဲ မသွားဘူး"

မုယွမ်ယွမ် ဒေါသထပ်ထွက်လာပြန်တယ်

"ကောင်းပြီလေ အခု အရှေ့မှာအရှင်လတ်လတ်ရှိနေတဲ့သမီးကိုဆုံးရှုံးရတာထက်စာရင် မာနကပိုအရေးကြီးတာပေါ့ နားလည်ပါတယ်  "

"ဘာအဓိပ္ပယ်လဲ အဲ့ကောင်ကိုသွားမတောင်းပန်ရင် အဖေခန်းသမီးခန်းဖြတ်မယ်လို့ပြောချင်တာလား မုယွမ်ယွမ် ! မင်းကိုယ်မင်းဘာထင်နေလဲ"

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tahanan ng mga kuwento. Tumuklas ngayon