Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(25)
"ဘုန်းးးးးးး"
"တံခါးမေခါက္တတ္ဘူးလား "
သူမ ရုံးအောက်ရောက်လာထဲက မုပါးပါးကို ကြိုဆိုရေးငှာနက အကြောင်းကြားထားပြီးသား
ဒါပေမဲ့ ဒေါသထွက်နေတယ်ထင်တယ်ဆိုတဲ့ဝေဖန်မူ့မပါတဲ့အခါ ဘာမှမသိတဲ့ မုပါးပါးက လေသံမလျော့ပဲပြောလိုက်မိတယ်
"ကျွန်မရဲ့အချစ်ရေးတွေကိုလိုက်ပြီးပိတ်ဆို့ရတာ သိပ်ကိုပျော်နေတယ်ပေါ့ဟုတ်လား"
မုပါးပါးရင်ထဲဒိန်းခနဲဖြစ်သွားပြီး မျက်မှောင်ကြုတ်မိသွားကာ
"ဘာပြောချင်တာလဲ"
မုပါးပါးရဲ့စကားဆုံးတာနဲ့ သူ့ရှေ့ကို ဖုန်းတလုံးရောက်လာပြီး မျက်နှာပြင်ပေါ်မှာရှိနေတဲ့စာတိုနှစ်ခုဟာ မုပါးပါးကိုထိတ်လန့်သွားစေတယ်
"ဒီကိစ္စကို ဘယ်လိုရှင်းပြမှာလဲ "
မုပါးပါး ဟန်ကိုယ်ဖို့လိုက်ကာ
"ဘာပြောချင်တာလဲ နားမလည်ဘူး"
"ဟန်ဆောင်နေတာတော်လိုက်တော့ စိတ်ပျက်လွန်းလို့ ဘာလို့လုပ်တာလဲလို့တောင်မမေးချင်တော့ဘူး ဒီလိုအပြူအမူတွေကို အဲ့မိန်းမရဲ့သားသမီးတွေအပေါ်မှာသာ သွားသုံးလိုက် အခုချိန်ကစပြီး ကျွန်မရှေ့မှာပေါ်မလာတော့နဲ့ ပြီးတော့ ကျွန်မဘဝကိုလာမစွက်ဖက်နဲ့"
မုယွမ်ယွမ် ပြောပြီးတာနဲ့လှည့်ထွက်သွားလိုက်ပေမဲ့ နောက်ကဘန်းးခနဲအသံကြားလိုက်တော့ ချက်ချင်းလှည့်ကြည့်လိုက်မိတယ်
"အခုတော့ စိတ်ထဲရှိတာထွက်လာပြီပေါ့ ဟမ် ? အဲ့ဒါတွေကို ငါက မင်းအတွက်လုပ်ခဲ့တာလေ မင်းဘဝကြီးဆင်းရဲတွင်းထဲဇောက်ထိုးဆင်းသွားမှာစိုးလို့လေ အခုချိန်ထိမင်းသမီးတပါးလိုနေလာခဲ့တာ အဲ့အစုတ်အပြတ်ကောင်က အနူလက်နဲ့ရွှေခွက်နှိုက်ချင်နေတာ သိုက်တူးနေတာကို ငါက မတားပဲ နေနိုင်ပါ့မလား ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းအဖေပါမုယွမ်ယွမ် မင်းရဲ့အရာအားလုံးက ငါ့ဆီကလာတယ်ဆိုတာကိုမမေ့နဲ့ "

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...