Unicode
ယနေ့က အေးစိမ့်နေပေမယ့် နှင်းမကျ ၊ ရာသီဉတုက အုံ့မှိုင်းနေသည်ကြောင့် မကြာခင်မှာ နှင်းကျလာတော့မည်ကို Heather ခန့်မှန်းမိသည် ။
ကျောင်းကပြန်လာတဲ့အချိန်မှာ လိုက်ပို့တဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ခြံဝန်းထဲကို ဝင်လာခဲ့တော့ ရင်းနှီးနေသည့် model မြင့် ကားတစ်စီးကို သူမ တွေ့လိုက်၏ ။ ရင်ထဲလေးလံသွားပေမယ့် သူမရဲ့ မျက်နှာမှာတော့ မဖော်ပြမိ ။ ဒီနေ့ရောက်လာမယ်ဆိုတာ Heather သိသည် ။ ဒါကြောင့် မစ္စ Shelly က ကျောင်းမှ နေ့တစ်ဝက်ခွင့်ယူပြီးပြန်သွားတာမဟုတ်လား ။၉လကြာပြီးတဲ့အခါမှာ Dadဟာ နောက်ဆုံးအကြိမ် သဘ်ောတက်ရာမှ ပြန်လာပြီဖြစ်တယ် ။ အရေးကြီးသည့် ရာထူးကို ပိုင်ဆိုင်ထားတာကြောင့် နောက်ဆုံးတောင်းဆိုချက်အရ နောက်ဆုံးအကြိမ် သဘော် လိုက်ခဲ့ရတာဖြစ်၏ ။ ဒီတစ်ကြိမ်ပြီးလျှင်တော့ သူ့ရဲ့ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းတွေကိုသာ ဦးစီးရင်း အလုပ်ကိစ္စတွေ စီမံခန့်ခွဲတော့မှာဖြစ်သည် ။
“ Heather ”
ဧည့်ခန်းကိုကျော်ပြီး အိမ်ပေါ်ထပ်ကိုတက်ဖို့ပြင်နေတဲ့ သူမရဲ့ခြေလှမ်းတွေက မစ္စ Shelly ရဲ့ နူးညံ့နေသည့် အသံတိုးတိုးအောက်မှာ ရပ်တန့်သွားစေသည် ။
သူတို့ကို မမြင်ချင်လို့ လှည့်မကြည့်ပဲ တက်ပါတယ်ဆိုမှ...
Heather သက်ပြင်းချကာ လှေကားပေါ် တက်ဖို့ပြင်နေတဲ့ခြေလှမ်းကိုအောက်ပြန်ချလိုက်၏ ။ ထို့နောက် ဧည့်ခန်းထဲသို့ဝင်ပြီး ထိုင်နေတဲ့ ဇနီးမောင်နှံ အရှေ့မှာ မတ်တပ်သာ ရပ်နေလိုက်တယ် ။
Dadက လေးဆယ်ကျော် လူလတ်ပိုင်းအရွယ်ရောက်နေပေမယ့် တည်ငြိမ်ပြီး ခန့်ချောမောမှုက သူ့မျက်နှာထက်မှာ ရှိနေတုန်းပဲ ။ Heatherက Dadနဲ့တူတယ်
အရပ်ရှည်တာ ၊ ပိန်ပါးပြီး ကြည့်ကောင်းတာ ၊ မျက်ဝန်းပြာတွေ... ရွှေရောင်ဆံပင်တွေ ။ ဒီအရာတွေအားလုံးDadရဲ့ အစိတ်အပိုင်းတွေပဲ ။ Heather အဲ့အချက်ကိုမနှစ်မြို့ဘူး ။ Dadကိုလဲ မချစ်ဘူး ။
မိန်းမဖြစ်သူ ရောဂါခံစားနေရတဲ့ နောက်ဆုံးအချိန်မှာတောင် ပြန်မလာခဲ့တဲ့သူ ။