Tiger Lily
ကျားနှင်းပန်း
.
ဆော့ဂျင်အလုပ်စာရင်းတွေစစ်နေတုန်းဘေးကအမကလက်တို့လာတာမလို့မေးထိုးပြတဲ့နေရာကိုလှမ်းကြည့်လိုက်သည်။Tiger Lilyလိမ္မော်ရောင်ပန်းစည်းကြီးကိုင်ပြီးဝင်လာတဲ့ကောင်ကိုကြည့်ကာမျက်လုံးတွေတွန့်ချိုးသွားသည်။အဝါရောင်နေကာမျက်မှန်ကြီးနဲ့လက်ထဲကပန်းစည်းအရောင်အတိုင်းလိမ္မော်ရောင်တောက်တောက်ရှပ်ကြီးဝတ်ထားသည်။သူ့အနားကိုလျှောက်လာတော့ဘေးနားကအမနဲ့ဝန်ထမ်းတွေကဘေးကိုကပ်ပေးကြသည်။
"Babeကိုယ်နဲ့ဒိတ်ကြရအောင်."
"ရူးနေလား.Jeon Jung Kook ငါမင်းနဲ့ပြတ်သွားပြီလေ."
"ကိုယ်မပြတ်ပေးထားဘူးလားလို့ဘေဘီ.??"
မျက်ခုံးကိုတစ်ဖက်ပင့်ရင်း.အူကြောင်ကြားရုပ်ဖမ်းကာပြောလာတဲ့နှစ်ယောက်မရှိတဲ့သူ့EX Jeon Jung Kook.။တကယ်တော့သူတို့လောလောလက်လက်မနေ့ကတင်ပြတ်ထားတာ။ဒီနေ့ကျအဲ့ကောင်ကစောက်ရူးကွက်နင်းပြီးဒိတ်လုပ်ရအောင်လာခေါ်နေတယ်။အဲ့ပန်းကြီးကိုင်ပြီးလာချော့ရုံနဲ့သူကပြန်တွဲပေးမယ်ထင်နေတာလားမသိဘူး.??
"မင်းဘာသာပြတ်ပေးပေးမပေးပေးငါပြတ်တယ်.သွား.ငါ့နားကထွက်သွားတော့"
သူအသံနည်းနည်းကျယ်သွားတော့အဲ့ဘဲကမျက်မှန်ကြီးကိုချွတ်ချပြီးအ့အောသလိုမျက်လုံးတွေကိုဝိုင်းစက်နေသည်။Tiger Lilyပန်းကြီးကိုရင်ဘက်ထဲပိုက်ကာမျက်နှာငယ်လေးလုပ်ပစ်သည်။ခန္တာကိုယ်ကတစ်ဖြေးဖြေးတုန်လာပြီးမရှိရှိတဲ့မျက်ရည်တွေထုတ်နေပုံကဒီကောင်ဒရမ်မာချိုးတော့မှာ.
"ဘေဘီ.အင့်.ဘေဘီက.ကိုယ့်ကို.ဟင့်.အော်တောင်အော်ပြောနေပြီပေါ့."
YOU ARE READING
Tiger Lily
Fanfictionမင်းနဲ့ငါမနေ့ကတင်လောလောလတ်လတ်ပြတ်ထားတာလေအရူးရဲ့.!! . 22.1.1022~WED . Kookjin Oneshort