Part - 10 🌸

113 8 14
                                    

[Unicode]

"ဘာမှစိတ်ပူစရာတော့မရှိပါဘူး ‌ဒဏ်ရာကအရမ်းတော့မနက်ပေမယ့် သုံးချက်တော့ချုပ်ရတယ်။ပိုပြီးစိတ်ချရအောင် ဦးခေါင်းကိုဓာတ်မှန်ရိုက်ကြည့်ဖို့ ကျွန်တော့်အနေနဲ့အကြံပေးပါ့ရစေဗျ"

"ဟုတ်ကဲ့ ကျေးဇူးပါဆရာရယ်
ကျွန်တော်တို့မနက်ဖြန်ဘဲ ကလောဘက်ဆင်းပြီးဓာတ်မှန်သွားရိုက်လိုက်ပါ့မယ် "

"ကောင်းပါပြီ ဗျ"

စမ်းသပ်ခန်းထဲကနေ ဆရာဝန်ထွက်သွားတော့‌လေထုကပို၍ပင်အေးစက်လာသည်။
ဦးဝေမှိုင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး
ကုတင်တစ်ဖက်ကသူတို့နဲ့မျက်နှာချင်းဆိုင်မှာမတ်တပ်ရပ်ပြီးခေါင်းငုံ့ထားတဲ့ကလေးကိုလှမ်းကြည့်မိသည်။

ရွာထဲကကာလသားတစ်ယောက်က
"အကိုမှိုင်းရိုးလွင် ‌ရန်ဖြစ်တာခေါင်းကွဲလို့"ဆိုတဲ့စကားကိုလာပြောတော့ကြားကြားချင်းမယုံကြည်နိုင်တာအမှန်ပင်။‌

အမြဲအေးအေးဆေး‌ဆေးနေတတ်တဲ့ကလေးကဘာလို့ရန်ဖြစ်ရတာလည်းစဉ်းစားမရတော့နောက်မှသိလိုက်ရသည်က သားရတုတို့ရန်ပွဲမှာဓားစာခံဝင်လုပ်လိုက်သည်တဲ့။အမေဖြစ်သူကတော့ ဆေးခန်းပေါက်ဝရောက်ထဲက သတိမေ့နေတဲ့သူ့သားကိုကြည့်ပြီးတရှုတ်ရှုတ်နဲ့ငိုနေတာမရပ်တော့။

"အဖေ ညီလေးသတိရလာပြီလား"

ဆေးခန်းထဲလွယ်အိပ်စလွယ်သိုင်းပြီးဝင်လာတဲ့သားကြီးဖြစ်သူ။သားကြီးကို ကလောကပွဲရုံကိုဦးစီးဖို့ပို့ထားတာမို့လို့ အိမ်မှာအမြဲမရှိတတ်။ခုတော့သူ့ညီသတင်း ကြားကြားချင်းရွာကိုပြန်တက်လာတဲ့ပုံဘဲ။

"ဆရာကတော့ ခဏနေသတိရလိမ့်မယ်ပြောတယ် သား။တင်တင်ရယ် ငိုမနေပါနဲ့ ... သားလည်းဘာမှဖြစ်တာမှမဟုတ်တာ ...ဆရာကိုယ်တိုင်လည်းပြောခဲ့တာဘဲ ခဏနေသတိရလာမှာပါ"

"ဟုတ်ပါတယ်မေမေရယ် ညီလေးကခဏသတိလစ်ရုံပါ"

"ကျွန်မကသူ့မအေရှင့် ... ရှင်သာဖအေဖြစ်ပြီး
ဘာမှမခံစားရတာ ကျွန်မသားလေးတော်ကြာ
ဦးနှောက်တွေထိတာ အတိတ်မေ့တာဖြစ်ကုန်ရင်ဘယ်လိုလုပ်ရပါ့ ... "

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံDonde viven las historias. Descúbrelo ahora