မင်းမျက်နှာကိုမြင်လိုက်တာနဲ့ လက်မောင်းပြေးဖက်ပြီး လွမ်းလိုက်တာလို့ကိုယ်စပြောတာနော်။ မင်းကလဲ ကိုယ်လဲလွမ်းနေတာတဲ့။ ပွဲဆက်တွေများပြီးအရမ်းပင်ပန်းနေလို့ ခဏလောက်နားပါရစေတဲ့လေ။ အဲ့လိုပြောပြီး ကိုယ့်ရင်ခွင်မှာ ခေါင်းအပ်ထားတဲ့မင်းကို ကိုယ်က နှာဘူးလေးလို့တောင်စလိုက်သေးတယ်။ ဘာလို့ဆိုမင်းက ကိုယ့်ရင်ဘတ်ကိုပဲ သီးသန့်ဖိထားပြီးနမ်းနေလို့ နာတယ်မဖိနဲ့လို့ ကိုယ်အော်နေသေးတာ။ အပြင်မှာမင်းကိုမမြင်ဖူးတဲ့ကိုယ်က အိပ်မက်ထဲမှာ မင်းနဲ့ အနီးကပ်ကွာ ဘေးမှာအိပ်နေတဲ့မင်းကို ရင်ခွင်ထဲတောင်ထည့်ထားလို့ရတဲ့အထိ ရင်းနှီးနေခဲ့တယ်။ မင်းရဲ့အသံလေးက ဘေးနားကပ်ကြားရတာအရမ်း ကို reality ဆန်လွန်းတယ်။ ငါထပ်မထင်ထားတာက မင်းငါ့ကို နမ်းလိုက်တာပဲ ❤️❤️😘😘 နမ်းနေတုန်း ဘေးမှာကလေးတစ်ယောက်ောက်လာလို့ မင်းကလန့်ပြီး ဟပ်ချိုးလိုက်တာ မင်းပါးစပ်ထဲမှာ ဝါးနေတဲ့ သခွါးသီးအချို့ ငါ့ပါးစပ်ထဲရောက်လာလို့ ငါတောင်မင်းမျက်နှာကြည့်ပြီး ညစ်ပတ်တယ်လို့ အော်နေခဲ့သေးတာ။ မင်းက အဲ့ဒါကို ပြုံးပြုံးလေးကြည့်နေတာလေ ။ အိပ်မက်တဲ့လား တစ်ခါခေါက်တော့အနီးကပ်လေး လာတွေ့ချင်တယ်ကွာ။ ဒါမင်းကို ဒုတိယအကြိမ်အိပ်မက်ခြင်းပဲ ❤️❤️❤️