တောနက်ထဲက နတ်ဆိုး

208 21 0
                                    

( Uni Code )

တောကနက်လာလေလေ လေတဖြူးဖြူးတိုက်သံကပင် ခြောက်ခြားစရာကောင်းလှသည်။ သစ်ပင်အကိုင်းခတ်တွေ အချင်းချင်းရိုက်မိသံတွေ မြက်ပင်ကြားလေတိုးသံတွေသည်လည်း ကြက်သီးထစရာ။ ဒီတောပတ်ဝန်းကျင်မှာ ဘာရွာဘာမြို့မှ မရှိပေ။ ထိုကဲ့သို့သောနေရာကို ရောက်လာသူက သူငယ်ချင်းတစ်စု.။

" ဂျောင်ကု စောင့်ဦးလေ ဖြည်းဖြည်းသွားပါဟယ် "

အတွဲနှစ်တွဲနှင့်အတူ ဂျောင်ကုတို့သူငယ်ချင်းနှစ်ယောက်၊ အားလုံးပေါင်းခြောက်ယောက်။

" ရည်းစားကြီးတွေနဲ့ကြည်နူးနေကြတာ ရှေ့မရောက်ဘူး မစောင့်နိုင်ဘူး နေခဲ့ကြ "

" နင်ကလည်း မကြည်နူးပါဘူး ငါတို့လည်း အားစိုက်တက်နေတာပဲ "

" လာပါဟာ စကားများမနေနဲ့ ဒီတောင်လေးဘယ်လောက်မှလည်း မြင့်တာမဟုတ်ဘဲ "

တစ်လတစ်ခါ ထူးဆန်းတဲ့နာမည်ကြီးနေရာတွေကို မဲနှိုက်ပြီးကျရာနေရာကို သွားဖို့အစီစဉ်ဆွဲခဲ့ကြသည်။ ပထမဆုံးနေရာက တောအုပ်တစ်ခုတည်းနဲ့တစ်မြို့နီးပါးနေရာယူထားပြီး လူသူတစ်ယောက်မှမရှိသည့် အပြာရောင်တော။

တဲထိုးလို့ကောင်းသည့်နေရာတွင် သူငယ်ချင်းတစ်စု အားသွန်ခွန်စိုက်တဲထိုးနေကြသည်။ စူးစမ်းချင်ကြသော်လည်း မကြောက်တတ်တဲ့သူမပါသဖြင့် တဲတစ်ခုတည်းမှာပဲစုနေကြမည်ဟု တစ်ညီတည်းဆိုကြသည်။

" နင်တို့ကလည်း ယောက်ျားလေးတွေဖြစ်ပြီး ဒီနေရာအထိတောင်ရောက်လာပြီးမှ ကြောက်တတ်လိုက်ကြတာ "

" ယောက်ျားလေးလည်း လူပဲဟ မကြောက်ရတော့ဘူးလား "

" စတာပါဟဲ့ "
" စားကြမယ်လေ ဗိုက်ဆာပြီ "

စားသောက်ပြီးကြသော် မိန်းကလေး ယောက်ျားလေးခွဲနေဖို့ အခြေနေကမပေး။ အတွဲများက ပူးကပ်အိပ်ကြပေမယ့် တဲတစ်တဲတည်းတွင် လူခြောက်ယောက် အိပ်သည်။

" ငါတို့ ဒီနေရာကို ဘယ်လိုတောင်ရှာတွေ့လဲ စဉ်းစားလို့ကိုမရဘူး "

" အဲ့ဒါ တရားခံက ဂျောင်ကုလေ သူဒီတောလိပ်စာကို ဘယ်ချောင်ကရလာမှန်းမသိဘူး "

One ShotsWhere stories live. Discover now