Part...33

864 43 10
                                    

For Unicode

မပြုံးမရယ်မျက်နှာထားနဲ့ လူကို သနားသယောင် ခပ်မဲ့မဲ့ကြည့်နေတဲ့ ဂျီမင်းအား သွားစိကာရယ်ပြလိုက်မိသည်။

ကွာရှင်းလိုက်ချည်းပြောပြီး တိုက်တွန်းနေတာကြောင့် စကားလည်းမပြောချင်။ စိတ်မကောင်းဖြစ်နေမှာလည်းသိသည်။

အမှန်ဆို ဂျောင်ကုကိုယ်တိုင်လည်း ရှက်ရွံ့မိ၏။ ဘယ်လိုစိတ်နဲ့ ဘာတွေလုပ်ခဲ့မိမှန်းလည်း နားမလည်။

ခလုတ်ထိမှ အမိတ-တယ်လို့ အပြစ်တင်ရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ကလေးလည်းမဟုတ်ပါဘဲ မိဘတွေကို သတိရလာမိတာတော့ သူမတတ်နိုင်။ ဖုန်းဆက်ပြီး အဖေနဲ့အမေ့အသံကို ငြိမ်သက်စွာ နားထောင်ဖြစ်ခဲ့သည်။ အခွင့်အရေးရှိမယ်ဆိုရင် ပြဿနာတွေပြီးတဲ့အခါ ဘူဆန်ကို တစ်ခါထပ်ပြီး အလည်သွားချင်ပါသေးရဲ့။သူ့ရဲ့မွေးရပ်မြေလေးကိုလေ။

"အချိန်မစောတော့ဘူးနော် ဂျီမင်း။ပြန်လိုက်တော့လေ မင်းလည်း အလုပ်ဝင်ရဦးမှာကို"

လုပ်ပြုံးပြုံးကာ နှုတ်ဆက်စကားဆိုနေသည့် ဂျောင်ကုအား ဂျီမင်း သက်ပြင်းချရင်းပင် ကြည့်နေမိသည်။

ဂျောင်ကုကိုကြည့်ရတာ ပင်ပန်းလွန်းလို့ သူတောင် အိမ်ထောင်မပြုချင်တော့။
အိမ်ကဖိအားပေးနေတဲ့အကြောင်းအရာတွေကို တိုင်ပင်ဖို့ ဂျောင်ကုကိုအားကိုးမယ်ကြံကာမှ ကိုယ့်ထက်ဆိုးနေတဲ့အနေအထားနဲ့ မြင်တွေ့လိုက်ရသည်။

ဂျောင်ကုခယ်မဆိုတဲ့ ဒီဇိုင်နာကောင်မလေးနဲ့ စကားစပ်မိလို့သာသိရတာ။ မဟုတ်ရင်သူတောင်ဘာမှသိလိုက်မည်မဟုတ်။

"ဟုတ်ပြီ ဂျောင်ကု...နောက်ရက်မှ တစ်ခါလာမယ်နော်"

"ရပါတယ် မင်းမအားရင်မလာပါနဲ့...ငါကအရေးမကြီးဘူး"

လက်သီးထောင်ပြကာ ထွက်သွားသည့် ဂျီမင်းရဲ့ ကျောပြင် မြင်ကွင်းထဲကထွက်သွားမှပင် ဂျောင်ကု လေပူတချို့က မှုတ်ထုတ်ပြီး ဟန်ဆောင်မျက်နှာဖုံးအချို့ကို ခွာချမိ၏။

သူတတ်နိုင်သလောက်လုပ်ခဲ့ပြီးပြီ။
မလုပ်သင့်တာတွေကိုပါ လုပ်မိခဲ့ပြီ။
ရှေ့လျှောက်ဘယ်လိုဆက်လာမယ်ဆိုတာကို
သူမသိတော့။ Amberဆန္ဒရှိရာပဲပေါ့။ သူဘာတတ်နိုင်မှာလဲ။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Onde histórias criam vida. Descubra agora