Part - {66}

1.2K 115 2
                                    

ကျွန်တော် သက်ပြင်းတောင် တစ်ချက်မချဘဲ တစ်ညလုံးနေခဲ့တယ်။ ကျွန်တော် အိပ်မက်လည်း မမက်ချင်ပါဘူး။ နှံကောင်တွေရဲ့ အော်သံကိုသာ ကျွန်တော့် စိတ်တည်ငြိမ်စေဖို့ဆိုပြီး မှတ်ယူနားထောင်နေပေမဲ့ ရုတ်တရက်ကြီး မိုးသံလေသံက ဖုံးအုပ်သွားတယ်။

တပေါက်ပေါက်အသံကြောင့် စိတ်တွေ တည်ငြိမ်လာရမဲ့အစား နှုံးချိလာခဲ့တယ်။ မိုးချုန်းလျှပ်စီးလက်တာ မပါဘဲ မိုးသံလေးပဲ ဆိုရင်တောင်မှပေါ့။

အီဗန်ရဲ့ အိပ်မောကျနေတဲ့ မျက်နှာလေးကိုပဲ ဆက်တိုက် ကြည့်နေရတာမျိုးက လန်းဆန်းလာစေတယ်။ သင်ကော တစ်စုံတစ်ယောက်ကို ဒီလိုမျိုး အကြာကြီး ကြည့်ဖူးလား? ကျွန်တော့်မှတ်ဉာဏ်ထဲမှာတော့ မရှိနေဘူး။ အီဗန်ကသာ ကျွန်တော့်ကို ကြည့်ခဲ့တာလေ။

ကျွန်တော် အီဗန်နဲ့ ဘယ်လိုအကြည့်ချင်းဆုံရမလဲ? အီဗန်က ဘာလို့ မူလဟေးလ်ဗာဒီနဲ့ မျက်နှာချင်းတူနေတာတောင် လက်ခံခဲ့ရတာလဲ? ကျွန်တော်သာ အီဗန်ဆိုရင်တော့ ဘယ်လောက်ပဲ ဟေးလ်ဗာဒီ ပြောင်းလဲသွားပါစေ ကျွန်တော်တော့ တုန်လှုပ်နေအုန်းမှာ။ ပထမဆုံးစတွေ့ကတည်းက စကားတောင် ပြောခဲ့မှာမဟုတ်ဘူး။ ကျွန်တော်က နှုတ်ဆက်တာတောင် လုပ်ဖြစ်မှာ မဟုတ်ဘူး။

ကျွန်တော် မျက်လုံး မှိတ်လိုက်တော့ ကျွန်တော်နဲ့ အီဗန် ပထမဆုံး စတွေ့ခဲ့တဲ့ ရက်က ပြန်ပေါ်လာတယ်။ ချယ်ရီပန်းပွင့်ဖတ်တွေက နှင်းလိုမျိုး ကြွေကျနေတယ်။ အီဗန်က သူ့အတန်းထဲမှာ ထိုင်နေတဲ့ ပုံစံလေးကတောင် အလှတရားနဲ့ ကျက်သရေအဖြာဖြာက ကူးလူးနေတယ်။ ဟေးလ်ဗာဒီက မြင်မြင်ချင်း ချစ်သွားပြီး စွဲလမ်းသွားတာက နည်းနည်းတော့ နားလည်ပေးနိုင်ပါတယ်။

အီဗန်နဲ့ တွေ့ပြီးနောက် ကျွန်တော်က နည်းနည်း ရှုပ်ထွေးနေသေးပေမဲ့ အီဗန်နဲ့ သိခွင့်ရမလားဆိုပြီး မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေသေးတယ်။ အီဗန်ဖက်က အရင်ဆုံး ကျွန်တော့်အပေါ် စိတ်ဝင်စားမှု ပြသလာပြီး စကားစပြောခဲ့လို့ ဖြစ်မယ်။ ပြီးတော့ ကျွန်တော့်ကို အနာကပ်ပလာစတာလေးလည်း ပေးခဲ့သေးတယ်လေ။ ကျွန်တော့်အတွက် အဲဒီ့လို ချောမောကြင်နာတတ်တဲ့ လူဆီကနေ ချည်းကပ်ခံရတာက မြင်ယောင်ဖို့တောင် ခက်ခဲတယ်လေ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now