Part - {67}

1.2K 107 2
                                    

အီဗန်က ဝိုးလို့ အော်လိုက်ပြီး ကျွန်တော့်ဆီကို တမင် လေမှုတ်လိုက်တယ်။ မျက်နှာကျက်ကိုပဲ လျှောက်ကြည့်နေတဲ့ မျက်လုံးတွေက အတော်လေး တုန်လှုပ်လာတယ်။ ကျွန်တော့် ပေါင်ပေါ်မှာ ခံစားနေရတဲ့ အလေးချိန်က ကျွန်တော့်နှလုံးသားထဲအထိ တိုးဝင်လာတယ်။ သူက ကျွန်တော့်ကို ဒီလိုမျိုး မော့ကြည့်ပြီး ဒီလိုစကားတွေ ပြောနေရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ? ထူးဆန်းတာတွေ တွေးမိကုန်တာ ကျွန်တော့်အပြစ်လား?

“အင်း မင်း အဲဒီ့လိုတွေ ပြောနေရင်…”

“ဟေးလ် ဒီလို ရှက်နေတာလေးကို သဘောကျတယ်”

“… မင်း ဘာလို့ ငါ့ကို တလွဲတွေပဲ တွေးနေရတာလဲလို့?”

သူ ကျွန်တော့်ကို ဟာသလုပ်နေတာ သိသာနေတာပဲ။ တခစ်ခစ်ရယ်နေသံကို ကြားလိုက်ရတော့ ကျွန်တော် ခေါင်းသာမော့ထားလိုက်တော့တယ်။ အဖြူရောင် မျက်နှာကျက်နဲ့ ကျွန်တော့်ခေါင်းနဲ့သာ ပြေးတိုက်လိုက်ချင်တော့တယ်။ ရှက်စရာကောင်းတဲ့ အရာများစွာက ကျွန်တော့်ခေါင်းထဲ တိုးဝင်လာနေတယ်လေ။ အခုချိန်မှာသာ အီဗန်နဲ့ မျက်နှာချင်းဆိုင်လိုက်ရင် ကျွန်တော့်မျက်နှာက မီးပြင်းဖို ဖြစ်လာလိမ့်မယ်။

အဲဒီ့လိုဆိုရင်တောင် ကျွန်တော့်အသံကို ပုံမှန်အတိုင်း ဖြစ်နေတောင် ကြိုးစားလိုက်ပြီး စကားပြန်ပြောရတယ်။ အီဗန်နဲ့ ပြိုင်လိုက်တိုင်း ကျွန်တော် ဘယ်တုန်းကမှ မနိုင်ခဲ့တာကို မေ့နေတာလေ။

“ဟေးလ်က ဘာတွေကို တွေးနေလို့လဲ?”

ပြန်ဖြေစရာတောင် စကားလုံးမရှိဘူး။ ကျွန်တော်လည်း ဘေးနားက ကူရှင်ကိုပဲ ဆွဲယူလိုက်တော့ အီဗန့်ရယ်သံက ပိုလို့တောင် ကျယ်လာတယ်။ ကျွန်တော့်မျက်နှာကို ကူရှင်နဲ့ပဲ အုပ်ထားလိုက်တော့တယ်။ ကူရှင်ကို ကိုင်ထားတဲ့ လက်တွေကတော့ အနီရောင် မပြောင်းသွားဖို့ မျှော်လင့်ပါတယ်။

“အာ ထမင်းမစားတော့ဘူးလား?”

“ဟေးလ်က ဗိုက်ဆာပြီလား?”

“အင်း”

“ငါက ဒီလိုလေး ခဏလောက် နေချင်သေးတာ”

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ