Part(11) Unicode & Zawgyi

1K 32 0
                                    

Unforgotten memories

အပိုင်း(၁၁)

ညီညီဒဏ်ရာသက်သာလာသည်နှင့်အမျှ မွန်းကိုလည်းဆေးရုံခဏခဏခေါ်သွားသည်။ မွန်းအဆုတ်မကောင်းဘူးဆိုတဲ့စကားကိုမှတ်ထားပုံရသည်။

"ငါ့အခြေအနေက မဆိုးပါဘူး ညီညီ"

ထိုင်ခုံကခါးပတ်ကို ခန္ဓာကိုယ်မှာတပ်ဆင်လိုက်ရင်း မွန်းသည် မကျေမနပ်ဆိုလာသည်။

"သိတယ် ဒါပေမဲ့ နှစ်ပတ်တစ်ခါ မဟုတ်ဘူးတစ်ပတ်တစ်ခါတော့ စမ်းသပ်ရမယ်"

"ငါလည်းပုံမှန်တစ်လတစ်ခါစစ်ဆေးပါတယ်"

"သိပါတယ် ဒါပေမဲ့ ကိုယ်စိတ်မချဘူး ရေကိုလည်းအကြာကြီးမချိုးနဲ့နော် စိတ်ညစ်စရာရှိရင်ကိုယ့်အပေါ်အကုန်ပုံချလိုက် ရေအကြာကြီးချိုးတာမျိုးမလုပ်နဲ့ "

အရင်တစ်ခါနေမကောင်းဖြစ်တုန်းက သူ့ကြောင့်ဟုထင်ပုံရသည်။

"ဒီလိုပုံစံဆိုရင် ငါအရင်ကခံစားခဲ့ရတာတွေကို ဘယ်လိုပြောပြရတော့မလဲ"

"ကိုယ်သိတယ်"

နှစ်ယောက်လုံးခဏတော့တိတ်ဆိတ်သွားကြ၏။
အတော်ကြာမှ ညီညီ့ဘက်ကစကားစပြောလာသည်။

"ကိုယ် လွန်ခဲ့တဲ့ခြောက်နှစ်က ထိုင်းကနေ မန္တလေးကိုပြန်လာသေးတယ်"

"အင်း!"

"အဲ့တုန်းက ကိုယ့်နောက်လိုက်ခဲ့သေးတယ်ဆို"

"သိသွားပြီလား"

"လင်းပြောပြတယ်..."

"ဒါဆို ငါလည်းမေးမယ် ဘာလို့ပြန်လာတာလဲ"

"ဒယ်ဒီက ကိုယ့်ကို ပြန်မလာစေချင်ခဲ့ဘူး ဖြစ်ချင်တော့  ဗီဇာသက်တမ်းတိုးဖို့မ‌ဖြစ်မနေလာဖို့အကြောင်းဖန်လာတယ် ဒါကြောင့် ကိုယ်ပြန်လာခဲ့တာ မပြန်ခင်နေ့က ဒယ်ဒီနဲ့အတိုက်အခံဖြစ်သေးတယ် ကိုယ့်ကို တခြားသူနဲ့စေ့စပ်ဖို့ပြောလာလို့လေ...အဲ့တော့ ကိုယ်က ပြန်ပြောခဲ့တယ် 'ကျွန်တော်မွန်းကလွဲရင် ဘယ်သူ့ကိုမှလက်မထပ်ဘူး...မွန်းဆီကိုပဲသွားမှာ'လို့ပြန်ပြောခဲ့တယ် ဒီတိုင်းမွန်းကိုသိစေချင်တာက ဒီနှစ်တွေအတွင်း ကိုယ်လည်း မင်းကိုချစ်နေခဲ့တယ်ဆိုတာကိုသိစေချင်တာ"

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Место, где живут истории. Откройте их для себя