P A N O<U+Z>

221 25 12
                                    

"မောင် တို့လမ်းခွဲကြရအောင်"

လှုပ်ရှားမှုတစုံတရာဟာထိုရဲ့စကားလေးတစ်ခွန်းကြောင့်ရပ်တန့်သွားခဲ့ရသည်။လှည့်ကြည့်လာခဲ့တဲ့မျက်ဝန်းလေးအတွင်းတွင်မယုံကြည်မှုများမှာအထင်းသား..။

"ဘာ..လို့လည်း"

အားတင်းကာထိုရဲ့စကားလေးကိုဆိုလိုက်မိသည်..။စကားလုံးလေးရဲ့နောက်တွင်နာကျင်မှုပေါင်းများစွာကပ်ညှိနေခဲ့သည်ကိုတော့ ‘မောင်’ သတိမထားမိခဲ့ပါ။

"ကျွန်တော်အကို့ကိုမလိုအပ်တော့ဘူး"

"....."

"သူမပြန်လာပြီ"

သူမပြန်လာပြီတဲ့လားမောင်ရယ်..။ဒါဆိုငါ့အတွက်ကရော? ငါ့ဘက်ကိုနည်းနည်းလေးတောင်ငဲ့ကြည့်မပေးနိုင်ဘူးလားမောင်။

"မင်း...မင်းကငါ့ကို...အသုံးချခဲ့...တာလား"

စကားလုံးတစ်ခုဆီကိုအားယူရင်းပြောနေရှာသောကောင်လေးရဲ့မျက်ဝန်းလေးတွေထဲတွင်နာကျင်မှုများနှင့်ကြောက်ရွံ့မှုများကရောယှက်နေခဲ့သည်။ထိုကောင်လေးကဘာကိုကြောက်ရွံ့နေတာလည်း...။

မောင်ကသူ့ကိုထားသွားမှာကြောင့်လား ဒါမှမဟုတ် အသုံးချခံခဲ့ရတာကိုကြောက်နေခဲ့တာလား..။သေချာတာကတော့အဖြေကပထမတစ်ခုဘဲဖြစ်ပါလိမ့်မည်။

"ငါက..ငါကမင်းအတွက်..အသုံးချရရုံ..သက်သက်ဘဲလား"

"အမှန်အတိုင်းပြောရရင်ကျွန်တော်သူမကိုမမေ့နိုင်သေးဘူး အကိုနဲ့တွဲခဲ့တဲ့အချိန်အတွင်းမှာလည်း ကျွန်တော့်ရဲ့ခံစားချက်တွေကသူ့ဆီမှာဘဲ"

"......"

"ကျွန်တော်သူမကိုချစ်တယ်"

"တော်ပါတော့! တောင်းပန်ပါတယ်! ငါကတောင်းပန်တာမို့ဆက်မပြောပါနဲ့တော့မောင်"

တာကျိုးသလိုစီးကျလာတဲ့မျက်ရည်တွေကနာကျင်မှုတွေရဲ့ပြယုဂ်...။တကယ်ကိုနာကျင်ရပါတယ်..။ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရဲ့အသုံးချခံဖြစ်ရတာက။

"ငါသိပါပြီ ငါထွက်သွားပေးပါမယ်"

ဘောမ်ဂယူကမျက်ရည်တွေကိုသုတ်လိုက်ပြီးနာကျင်ပြုံးလေးပြုံးကာမောင့်ကိုကြည့်ရင်းဆိုနေသည်။

P A N O Where stories live. Discover now