Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(28)
"မင်းဆုံးဖြတ်ပါ တို့မင်းပြောတာကိုလက်ခံမယ် ရှေ့ဆက်ချင်လဲ မင်းသဘောပဲ လမ်းခွဲမယ်ဆိုလဲ မင်းကိုမတားဝံ့ပါဘူး "
ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရဲ့လောင်းရိပ်အောက် မိသွားတဲ့နောက်တော့ သူမတို့ရဲ့အချစ်ရေးက ညိုးနွမ်းသွားရတော့မှာကတော့မလွဲမသွေပါပဲ
"မ ဘယ်လိုဖြစ်စေခ်င်လဲ "
ဘယ်လိုဖြစ်စေချင်လဲ ?
သူမဘာပြောရမှာလဲ ?
သူမမှာ ဘာစီမံပိုင်ခွင့်မှ မရှိတာကို
"တို့အဖေကိုခွင့်လွတ်ပေးပါ မင်းအမေကိုတကယ်သတ်တဲ့တရားခံကို တို့ထောင်ထဲထည့်ပေးမယ် "
"အဟက် "
သူ့ရယ်သံကလှောင်သံတွေအပြည့်
အဲ့ဝောာင်းဆိုချက်ကိုသူမ မပြောသင့်ဘူးဆိုတာကိုသိတယ် ဒါပေမဲ့ သူအ ဘာလုပ်နိုင်မှာလဲ အဲ့ဒါက သူမရဲ့အဖေလေ သူမရဲ့အတ္တဆန်ဆန်တောင်းဆိုချက်ကို သူသဘောတူမယ်လို့လဲ သူမ မထင်ပါဘူး အနဲဆုံးတော့ သူတခုခုဆုံးဖြတ်လိုက်တဲ့အခါ သူမကိုအနဲငယ်ထည့်သွင်းစဉ်းစားပေးစေချင်ရုံသာ
"ကျွန်တော် တကောင်ကြွက်ဖြစ်သွားတဲ့အချိန်မှာ မင်းက အဲ့တောင်းဆိုချက်ကိုပြောရဲသေးတယ်ပေါ့ "
"တို့ တောင်းပန်ပါတယ် "
"ဒါက တောင်းပန်တယ်လို့ပြောလိုက်ရုံနဲ့ပြီးသွားမဲ့ကိစ္စဟုတ်ဘူးဗျ လူတစ်ယောက်လုံးသေသွားတာဗျ လူတစ်ယောက်ဆုံးပါးသွားတာ အဲ့ဒါကို တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ရူံနဲ့ အားလုံးပြီးသွားရင် အုတ်ဂူတောင်မခြောက်သေးပဲသစ်သားအခေါင်းထဲမှာလှဲနေရတဲ့ကျွန်ေတာ့်အမေကဂုတ်လာချိုးသတ်မှာကိုမကြောက်ဘူးလား "
"တို့တောင်းပန်ပါတယ် မင်ထျန်း မင်းပြောချင်တာပြောပါ တို့ခံပါမယ် ဒါပေမဲ့ တို့တောင်းဆိုတာကိုတော့ စဉ်းစားပေးပါ "
"မုယွမ်ယွမ် မင်းက မကောင်းတဲ့မိန်းမပဲ ကျွန်တော်ကိုလဲ နဲနဲပါးပါးလောက်ညှာတာမူ့လေးဘာလေးပေးပါဦး"
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...