Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှုသံလေးအပိုင်း(27)
သူမတို့ ဟော့ပေါ့ဆိုင်သွားကြတယ် မုယွမ်ယွမ်က အစပ်အချိုနှစ်မျိုးတွဲအကန့်ပါတဲ့ဟော့ပေါ့အိုးကိုမှာလိုက်ပြီး စားပွဲထိုးလေးလာချပေးတဲ့အသားတွေ အရွက်တွေ ပင်လယ်စာတွေကို အကန့်တခုချင်းစီမှာ မျှမျှတတထည့်လိုက်တယ်
ဟင်းရည်ဆူပွက်အောင်စောင့်နေတဲ့အချိန် ဘီယာကို အရင်သောက်ကြတယ်
အရင်ကတော့ သူမ ဆူညံနေမှာပဲ
အခုတော့ အတင်းပြုံးနေပေမဲ့ ဟာသသက်သက်လိုဖြစ်သွားမှာစိုးလို့ စကားတောင်မပြောရဲဘူး
ကြီးမားတဲ့တိတ်ဆိတ်မူ့က သူမတို့နားမှာ အရမ်းသိသာနေပြီး ဆူညံနေတဲ့ပတ်ဝန်းကျင်မှာ သူမတို့နှစ်ယောက်ကသီးခြားဖြစ်နေတယ်
အတွေးကိုယ်စီနဲ့ငြိမ်သက်နေကြတဲ့သူမတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ခိုးကြည့်နေကြပြီး မသိမသာ ပင့်သက်ရှိုက်နေကြတယ်
မုယွမ်ယွမ်လဲ မသိလိုက်ဘာသာနဲ့ဆန်အရက်တွေပိုသောက်လိုက်မိတာကြောင့် အနဲငယ်မူးဝေလာလို့ရပ်ဖို့ သတိရလိုက်တော့ လက်လွန်နေခဲ့ပြီ
အနေကျပ်တာ အပြစ်ရှိသလိုခံစားနေရတာ သူနဲ့မခွဲချင်တာ သူမုန်းမှာကိုစိုးနေတာ အစရှိတဲ့စိုးရိမ်စိတ်တွေကသူမကိုအချိန်တိုင်းလွမ်းမိုးနေခဲ့တော့ လူမှန်းသူမှန်းမသိ မူးပစ်ချင်နေကာ စိတ်ဓာတ်တွေကလဲပိုကျလာခဲ့တယ်
နောက်ဆုံးတော့ တင်းလွန်းတဲ့ကြိုးကပြတ်တာပဲတဲ့ မုယွမ်ယွမ်လဲ တင်းထားလွန်းတော့ တပင်လွတ်သွားခဲ့တော့တယ်
"ဂေ့..... "(လေချဉ်တက်သံ)
တကယ်တော့ အရက်ဘယ်လောက်မူးမူး အသိစိတ်ကတော့ နဲနဲရှိသေးတာပဲ တဖက်လူကို သူမမူးလို့အသိစိတ်မရှိဘူးဆိုတာကိုသိစေပြီး ပြောချင်တာပြောကိုပြောလိုတဲ့ အရဲကိုးစိတ်လေးပိုလာတာပဲရှိတာပါ
အခုမုယွမ်ယွမ်ကလဲထိုနည်းလည်းကောင်းပါပဲ
သူမမူးနေတယ်ဆိုတာကိုအကြောင်းပြပြီး သူ့ဆီက ငဲ့ညှာထောက်ထားမူ့နဲနဲလောက်တော့ရမလားဆိုတဲ့မျော်လင့်ချက်လဲပါတာပေါ့
BẠN ĐANG ĐỌC
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Viễn tưởngသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...