Part:21

443 56 12
                                    

Unicode

ဆောင်းဦးရာသီဖက်ကူးပြောင်းသွားသည့်အခါ မေပယ်လ်ရွက်များစတင်ပေါက်ဖွားလာပြီး သစ်ရွက်တစ်ချို့အရောင်ပြောင်းလဲကုန်ကြ၏။

ထို့အတူပင် ဆောင်းယွန်းဟွာရဲ့ ရင်ခုန်သံမှာလည်း အရင်ဆယ်ကျော်သက် အပျိုဖြန်းလေးမှသည် ရင့်ကျက်သော မိန်းမပျိုအသွင်ဆောင်လျက်။

"ပြန်တွေ့ကြပြီနော် ကိုကို"

ချောမောခံ့ညားခြင်းတွေ လျော့မသွားခဲ့တဲ့ ကိုကို့ရဲ့အပြုံးတွေက အရင်လိုမျိူးကြည့်ကောင်းနေဆဲ။

အာ့ဒီပါးချိုင့်နက်တွေထဲ သူမသိပ်ကိုပျော်ဝင်ခဲ့ဖူးတာပေါ့။

"အင်း နှစ်တွေကြာသွားခဲ့တယ် ယွန်းဟွာတောင် ဘွဲ့ရတော့မှာပဲ"

"ဒါနဲ့ဒီကိုအပြီးပြန်လာတာလားဟင်"

သူမစကားသံအဆုံးမှာ ညှိုးငယ်သွားတဲ့ ကိုကို့မျက်ဝန်းတွေအား အလျင်အမြန်ရိပ်စားလိုက်မိသည်။

ဘယ်သူ့ကြောင့်ဖြစ်အုန်းမှာလဲ။ ဟိုတစ်ယောက်အပြင်မရှိတာကို။

"ဟုတ်တယ် အပြီးဆိုပါတော့"

"ဟို.... ကိုကို့ဇနီးနဲ့ နောက်ဆုံးကွာရှင်းလိုက်ပြီပေါ့နော်"

ထိုအခါ လီဂန်အူက ဖြည်းညှင်းစွာခေါင်းငြိမ့်ပြရင်း သက်ပြင်းခပ်ဖွဖွချ၏။

မျက်စိရှေ့ရှိ လီမွန်တီးခွက်ထဲက ပိုက်လေးကို လက်ချောင်းများဖြင့်တို့ထိရင်း_

"အကျိုးစီးပွားကြောင့်သာ အစ်ကိုတို့ကလက်ထပ်ခဲ့ကြတာလေ။ သူကလည်း အစ်ကို့ကိုမချစ်သလို အစ်ကိုကလည်း သူ့ကိုမချစ်ဘူး။ နှစ်ဦးနှစ်ဖက်အကျိုးရအောင် အိမ်ထောင်ပြုခဲ့ကြပေမယ့် ဟိုမှာတစ်အိမ်စီနေဖြစ်ခဲ့တာ။ ဒီကြားထဲ ဘယ်လိုနည်းနဲ့မှ ထယ်လေးကိုရှင်းပြခွင့်မရခဲ့ဘူး"

"....."

ဒါတွေကို လီဂန်အူပြောမပြလည်းပဲ သူမ,သိနှင့်ပြီးသားဖြစ်၏။ ခိုးရာလိုက်ပြေးကြမည့်နေ့မှာ ဘာကြောင့် လီဂန်အူရောက်မလာရသလဲဆိုတဲ့ အကြောင်းပြချက်ကတော့ ဆောင်းယွန်းဟွာတစ်ဦးတည်းသာလျှင်သိသည်။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now