Unicode
...............ပိုင်စေမင်းတစ်ယောက် အစ်ကိုလေးပေးခဲ့တဲ့ လိပ်စာအတိုင်း လာခဲ့လိုက်ရာ အခြေခံလူတန်းစားတွေနေနိုင်တဲ့ ရပ်ကွက်လေးတစ်ခု။ ထိုရပ်ကွက်ထဲရှိ လမ်းသွယ်လေးတစ်ခုထဲဝင်လိုက်တော့ လမ်းလယ်လောက်တွင်တွေ့လိုက်ရတဲ့ ၅ထပ်တိုက်လေး။
တိုက်လေးအောက်သို့ရောက်တော့ သုံးလွှာသို့တက်လာခဲ့သည်။ အစ်ကိုလေးက သူ့ရဲ့အဖော်နဲ့နေတယ်ကြားထားတယ်။ ဒါဆို ဘဲလ်တီးကြည့်သင့်လား။
စဥ်းစားရင်း ပိုင်စေတစ်ယောက် ဘဲလ်ကိုတီးလိုက်သည်။ သုံးလေးချက်တီးသော်လည်း မည်သူမျှထွက်မလာသည်မို့ သူလည်း အစ်ကိုလေးပေးထားသည့် သော့တံလေးဖြင့် ဖွင့်ကာဝင်ခဲ့လိုက်တော့သည်။
ကျွီဆိုသည့်အသံဖြင့် တံခါးလေးပွင့်လာတော့ သူလည်းအခန်းထဲသို့ဝင်လာလိုက်သည်။ အခန်းကအနည်းငယ်ကျဥ်းမြောင်းပြီး ကြမ်းပြင်တွေကလည်း ညစ်ပတ်နေတာမို့ သူလည်းဖိနပ်မချွတ်ပဲဝင်လာလိုက်တော့သည်။
အိမ်ကိုလှည့်ပတ်ကြည့်လိုက်တော့ မည်သူမျှရှိမနေ။ ဒါ့ကြောင့် အစ်ကိုလေးရဲ့အခန်းဖော်ပြန်မရောက်သေးဘူးဟု ယူဆကာအစ်ကိုလေးအခန်းကိုပဲလိုက်ရှာလိုက်သည်။
အခန်းကနှစ်ခန်းပဲရှိပြီး အစ်ကိုလေးအခန်းကအတွင်းခန်းဟုပြောတာကြောင့် သူလည်းဒုတိယမြောက်အခန်းထဲသို့ဝင်လိုက်သည်။အခန်းတွင်းက ရိုးရှင်းစွာရှိပြီး အဝတ်ဗီရိုတစ်ခုနဲ့ ကုတင်သေးလေးတစ်ခုသာရှိသည်။ ကျန်တဲ့ပစ္စည်းတွေကတော့ သေတ္တာလေးတစ်ခုထဲသို့ထည့်ထားပုံပင်။
'' အခန်းလေးကသေးလိုက်တာ... အစ်ကိုလေးသနားပါတယ်။ ''
ဗီရိုထဲဖွင့်ကြည့်လိုက်ပြီး အစ်ကိုလေးရဲ့အရေးကြီးတဲ့အသုံးအဆောင်တစ်ချို့၊ အရေးကြီးတဲ့ မှတ်ပုံတင်တို့ ဘာညာကို အထုတ်တစ်ခုထဲသို့သေချာသပ်သပ်ရပ်ရပ် စုထည့်လိုက်ဖို့ပြင်လိုက်သည်။
ပိုင်စေ ဗီရိုကြီးကို ဖွင့်ကာ ကုန်းကုန်းကွကွလုပ်နေတုန်း အနောက်ကနေ သူခိုးဟုဆိုကာ ဒယ်အိုးကြီးတစ်ခုဖြင့် ရိုက်ချခံလိုက်ရသည်။
ESTÁS LEYENDO
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...