8.uni zg

2.9K 200 11
                                    

​.....မင်းသည်သာ...🍁🍁🍁...
       ....အပိုင်း.(၈)
"ကျွိ..."

ပေါ်တီအောက်က ကားရပ်သံကြားလိုက်တာကြောင့်..ဂျီမင်းအိပ်ရာပေါ်မှာအိပ်နေရာမှ..ထထိုင်လိုက်သည်။ပြီးမှ...အိမ်အောက်ကို..အလျင်မြန်ဆင်းလာခဲ့သည်...။ဟိုတစ်နေ့က. ပြဿနာဖြစ်ပြီး
ကတည်းက..သူနေမကောင်းဖြစ်
လိုက်သေးတယ်..အဖျားကပျောက်နေပေမဲ့..နှာကစီးနေသေးတယ်.။
နောက်ပြီးတော့ ဟိုကလန့်ကောင်နဲ့မျက်နှာချင်းမဆိုင်ပေ..မျက်နှာချင်းဆိုင်ရင်...သူ့ကိုပြစ်လွှတ်လာမယ့်စကားတွေကို..သူမခံနိုင်သေးချေ....။ခုလည်း တစ်ယောက်တည်းပျင်းနေတုန်း..ကားသံကြောင့်..သူပျော်သွားရ
လေသည်။အကြောင်းကတော့..သော...ပြန်လာချင်းကြောင့်ပင်..သော..ကစကားပြောလို့ကောင်းတယ့်လူတစ်ယောက်ဖြစ်ရုံ
တင်မက..သူ့ကိုအပျင်းပြေစေတယ်.....။

"သော..အဲတာဆို မင်း..ယွန်းဂီhyungကို..ပြန်သွားကြိုလိုက်..ခုတော့မဟုတ်ဘူး..မင်းခဏနားလိုက်ဦးလေ..."

"ဒုန်း..ဒုန်း..."

ဂျောင်ဂု..သော..နဲ့စကားပြောတုန်း..အိမ်ပေါ်ထပ်ကနေ..တဒုန်းဒုန်းအသံကြောင့်..လှေကားပေါ်ကို..မော့ကြည့်မိသည်။တီရှပ်..ခရမ်းရောင်အင်္ကျီပွကြီးနဲ့..အသားရောင်.ဘောင်းဘီ ရှည်ပွပွကြီးကို..ဝတ်ဆင်ထားတဲ့..ဟိုအကျောတင်းလေး....ဆံပင်တွေကိုလည်း..ဟိုနေ့ကမှ..အမဲရောင်ပြောင်းထားသည်..။ဆံပင်ခပ်အုပ်အုပ်လေးတွေကို..ရှေ့ပြန်ချထားတာကြောင့်..ဖြူဝင်းနေတဲ့အသားရောင်က..ထင်းနေသည်။
ဂျောင်ဂု. မျက်လုံးကို..မလွှဲနိုင်ပဲငေးကြည့်နေမိသည်...သူ့ရဲ့ဘယ်ဘက်ရင်အုံက ဒိန်းခနဲခုန်သံကြောင့်..သူလန့်သွားကာ..မျက်နှာကိုလွှဲလိုက်ရသည်....။

ဂျီမင်း လည်း..သူပြေးဆင်းလာတာကိုနောင်တရချင်နေမိသည်...ပြန်လာတာ သော..တစ်ယောက်တည်း..ထင်နေခဲ့တာ..ခုတော့..ဟိုကလန့်ကောင်ပါ..ပါနေတာကြောင့်..သူ့မှာ..အောက်ပဲဆက်ဆင်းရမလို. အပေါ်ကိုပဲပြန်တက်ရမလိုဖြစ်နေရသည်.။ဟို ကလန့်ကောင်က.သူ့ကိုစူးစိုက်ကြည့်နေတာကြောင့်..ဂျီမင်း မျက်နာလေး..ရဲတက်လာရသည်....။မထူးပါဘူးဆိုတဲ့..စိတ်နဲ့ပဲ..လည်ဂုတ်ကို..ပွတ်ကာ..အောက်ကို ဆက်ဆင်းလာခဲ့သည်.....။

မင်းသည်သာ.🍁🍁🍁Where stories live. Discover now