{ 75 } ZG

2.6K 81 38
                                    

ချမ်းဆောင်းဟန်ကို လုံးဝ အဆက်အသွယ်လုပ်လို့ မရတာကြောင့် ဂိုဏ်းချုပ်တင်မြှောက်ခြင်း အခမ်းအနားထဲမှာလဲ စိတ်က လုံးဝ မပါချေ။

ဆံပင်အဖြူ လေးတွေ ၊ မိုးပြာရင့်ရောင် မျက်ဝန်းလေးတွေက ချစ်ဖို့ကောင်းတဲ့ အသွင်ဆောင်ပေမဲ့ အရင်ထက်ပိုပြီး တည်တင်းနေတဲ့ မျက်နှာကြောကြောင့် ဘယ်သူကမှတောင် စကားမပြောရဲကြဘူး။

ခေါင်းဆောင်တစ်ဉီး ဖြစ်လာမှာမို့ စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့ တစ်ကိုယ်လုံးကို နက်ဆွေးနေတဲ့ Suit ဝတ်ဆင်ထားပြီး Shoe ကအစ နက်ဆွေးလို့ နေသေးသည်။

ဖြူလွန်းသူမို့ အနက်ရောင် ဝတ်တဲ့ အခါမှာ ပေါ်နေတဲ့ အသားလေးတွေက ဖြူဖွေးဥလို့နေသည်။

အရင်ဆို ဆံပင်အုပ်အုပ်ကလေးကို ရှေ့မှာ ချထားတတ်ပေမဲ့ ယခု အခါတွင်တော့ Gel နဲ့ သေချာလေး သပ်တင်ထားသည်။

အရင်ဂိုဏ်းချူပ်ရဲ့ ဂိုဏ်းချုပ်လွှဲပြောင်းခြင်း အထိန်းအမှတ်အနေနဲ့  မင်းသခင်ခက်ထန်ကို ဂိုဏ်းချုပ်အသစ်အတွက်အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ ဂိုဏ်းချုပ်လက်စွပ်ကို  ချီးမြှင့်သည်။

လက်စွပ် ချီးမြှင့်ခံရပြီးနောက် ဂိုဏ်းချုပ်ဖြစ်သွားတဲ့ အတွက်  မင်းသခင်ခက်ထန် မိန့်ခွန်းပြောပြီး စင်ပေါ်ကနေ ပြန်ဆင်းလာ၏ ။ထိုအခါ  ဂိုဏ်းသားတွေ အကုန်လုံးရဲ့ ဖုန်းထဲကို Message တစ်စောင်က ရောက်ရှိလာသည်။ဂိုဏ်းသားတွေတင်မက ဂိုဏ်းချုပ်ဖြစ်သည့် သူ့ဆီကိုပါ Message က ရောက်လာသည်။

CS is in this room.

ဉီးခက်ထန် ရဲ့ ဘေးနားက ဆိုဖာမှာ  ချမ်းဆောင်းဟန် ကျောမှီပြီး ခြေချိတ်ထိုင်ကာ မင်းသခင်ခက်ထန်ရဲ့ ခန့်ညားပြီး တည်တံ့တဲ့ မျက်နှာလေးကို အနီးကပ် အဝ ကြည့်နေမိသည်။

သူတို့နှစ်ဉီးရဲ့ လက်ထပ် လက်စွပ်အပြင် ဂိုဏ်းချုပ်လက်စွပ်ကို ဝတ်ဆင်ထားသည်ကလဲ ဒီလူသားရဲ့ အရှိန်အဝါကို ထင်ဟပ်စေသည်။

သူနဲ့ မတွေ့ရတာ ၁ရက်ခြားပဲ ရှိသေးသော်လည်း မင်းသခင်ခက်ထန် က တခြားတစ်ယောက်လိုပင်။

Min Tha Khin Khat Htan  {S-2} {Completed}Opowieści tętniące życiem. Odkryj je teraz