မောင်နဲ့သူအိမ်ထောင်သက်တမ်းဟာဘာလိုလိုနဲ့၎နှစ်ရှိခဲ့ပြီ မောင်နဲ့သူဟာအခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ပြီးမှလက်ထပ်ခဲ့ရခြင်းဖြစ်သည် ၈နှစ်လောက်ငယ်တဲ့မောင့်ကိုသူသိပ်ချစ်ခဲ့သလို မောင်ကလည်းသူ့ကိုသိပ်ချစ်ခဲ့သည်။
ချစ်သူသက်တမ်း၆နှစ်နှင့်အိမ်ထောင်သက်၎နှစ်နဲ့ပေါင်းရင်သူတို့တူတူရှိခဲ့ကြတာ၁၀နှစ်ပင်ရှိလေပြီ အချိန်တွေကပဲကြာလို့လားမသိ သူနဲ့မောင့်ရဲ့အချစ်တွေဟာ မရှိကြတော့ပေ ဒါမဲ့သူတို့နှစ်ဉီးကြားကသံယောဇဉ်ကြောင့် သူတို့ဆက်ပြီးတူတူရှိနေခြင်းဖြစ်၏။
"မောင်ဒီနေ့အိမ်ပြန်မလာတော့ဖူး ကုမဏ္ဏီမှာ ညစာစားပွဲရှိတယ်"
"အစ်ကိုလည်းပြောမလို့ အိမ်ပြန်မအိပ်ဖြစ်မဲ့အကြောင်းကို"
"အော်"
ဖုန်းခေါ်ခဲ့တဲ့သူကမောင်ဖြစ်နေ၍ကိုင်လိုက်ပေမဲ့ မအိပ်ဖြစ်မဲ့အကြောင်းကိုချက်ချင်းဆိုလာတဲ့မောင်ကြောင့်သူလည်းမအိပ်ဖြစ်မဲ့အကြောင်းပြန်ပြောလိုက်ခြင်းပင်။
"ဒါပဲနော်မောင် "
ချသွားတဲ့ဖုန်းရဲ့Endလေးကိုကြည့်ရင်းChanyeolသက်ပြင်းရှည်ကြီးချမိသည်။
"ပီဒီကြီး ပင်ပန်းသွားပြီဗျ"
သူတို့ရဲ့အစီအစဉ်ဟာViewsအများဆုံးရလို့ဂုဏ်ပြုပါတီလေးလုပ်နေခြင်းဖြစ်သည်။
"မင်းတို့အားလုံးလည်းပင်ပန်းသွားပြီ စားကြစားကြ ဒီနေ့စားသမျှကို ကျွန်တော်ရှင်းပါမယ်"
အကုန်လုံးကပျော်ရွှင်ကြပြီးလက်ခုပ်တီးနေကြသည်။
"ကိုကို အချစ်ကိုဒါလေးခွံ့ကျွေး"
"ကောင်းပါပြီဗျာ"
Chanyeol ဒီကောင်မလေးနဲ့တွဲနေတာငါးလလောက်ရှိပြီ အွန်းဂျယ်ကမော်ဒယ်တစ်ယောက်ပီပီသိပ်ချစ်ဖို့ကောင်းသည် ချွဲလိုက်ရင်အရည်ပျော်ကြမတတ်ပင် အဲ့လိုသူချွဲတဲ့အခါ အစ်ကိုသာသူ့အပေါ်အဲ့လိုချွဲရင်သိပ်ကောင်းမယ်လို့သူတွေးခဲ့ဖူးသည် အမြဲရင့်ကျက်နေတတ်တဲ့အစ်ကို့ကိုတစ်ခါတလေ ကလေးလေးတစ်ယောက်လို သူ့ကိုမှီခိုစေချင်ခဲ့ဖူးသည်။
DU LIEST GERADE
Lovey-Dovey(Completed)
Fanfiction"မောင်ရဲ့စိတ်ကိုအစ်ကိုနားမလည်နိုင်တော့ဖူး" (Baekhyun) "မောင်ဖောက်ပြန်နေတယ်လို့ပြောရအောင် အစ်ကိုလည်း ဖောက်ပြန်နေခဲ့တာပဲလေ" (Chanyeol) Zawgyi🇲🇲Unicode🇲🇲 Chanbaek👨❤️👨 အိမ်ထောင်ရေးဇာတ်လမ်းလေးကို စိတ်ကူးယဥ်ရေးထားသော၀တ္ထုတစ်ပုဒ်ဖြစ်သည်❣️