ကလင်..ကလင်..ကလင်....."ဟာ..ဟေ့..ဟေ့..ဖယ်နော် စက်ဘီးက ဘရိတ်မမိဘူး"
*ဘုန်း*
"ဟာ ..ချီးပဲကွာ ...သွားပါပြီ"
ကျောင်းပထမဆုံးတတ်တဲ့ရက်မှာပဲ ပြသနာကို မီးခွက်ထွန်းပြီးရှာသလိုဖြစ်နေပြီ *အဲ့တာဒီစက်ဘီး အစုတ်ကြောင့်*
"ဟေ့..မင်းဘာဖြစ်သွားသေးလဲ"
စက်ဘီးက အရှေ့ကလူကိုရှောင်ပြီး ကွေ့လိုက်တာမို့ လမ်းဘေးကိုချော်ကျသွားတော့ ခြေထောက်တော်တော်နာသွားတာမို့ မထနိုင် မထိုင်ဖြစ်နေတုန်းမှာပဲ ကျွန်တော့်ရှေ့ကို ရောက်လာတဲ့လက်တစ်ဖက်
"ဟေး.. ..မင်းကိုငါမေးနေတာကြားလား မထနိုင်ရင်လည်း ငါ့လက်ကိုဆွဲပြီးထ "
"သြော် ..အင်းကျေးဇူး"
သူ့လက်ကို ဆွဲပြီးထလိုက်တော့ ကျွန်တော့်ကို ပြုံးစစမျက်နှာပေးနဲ့ ကြည့်လာတဲ့လူ ပြီးတော့ ပြောသေးတယ် စက်ဘီးအစုတ်ကို စီးလာမှတော့ဖြစ်မှာပေါ့တဲ့။
" ပေး မင်းရဲ့စက်ဘီး ငါတွန်းပေးမယ် "
"ဘာ..."
ဒီကစေတနာနဲ့ သူ့ခြေထောက်နာနေမှန်းသိလို့ စက်ဘီးတွန်းပေးမယ်ပြောတာကို ဘ၀င်ရူးက ဘာထင်သွားလဲမသိဘူး အော်လိုက်တာများ လန့်တောင်လန့်တယ်။
"မင်းက ဘာလို့တွန်းပေးမှာလဲ"
"ဟာ့...မင်းစက်ဘီးအစုတ်ကို တွန်းချင်လွန်းလို့များမှတ်နေလား.. မင်းခြေထောက်နာနေမှန်းသိလို့ တွန်းပေးမယ်ပြောတာ စကားမများနဲ့ ပေး ငါ့ကို"
စကားကို ခပ်စက်စက်ကလေးပြောလိုက်မှ စက်ဘီးကိုထိုးပေးလာတဲ့ကောင် ပါးစပ်ကလည်း တိုးတိုးလေးပြောလိုက်သေးတယ် *ကျေးဇူးတဲ့ *
"ရောက်ပြီ..စံပါယ်ဖြူဆိုင်မှာပဲ စက်ဘီးအပ်မှာမလား "
"ဟမ်..."
"ကျောင်းရှေ့က မုန့်ဆိုင်လေ အဲ့မှာစက်ဘီးအပ်မှာလားလို့မေးနေတာ မင်းမသိဘူးလား ကျောင်းထဲကို ဘယ်သူမှ စက်ဘီးယူမသွားဘူး"
"သြော် ..ဟုတ်လား အဲ့တာဆိုလည်း အပ်မယ်လေ"
ကျွန်တော် တကယ်မသိတာ ၊ နယ်မှာဆိုရင် စက်ဘီးကိုကျောင်းေရှ့က တစ်နေရာရာမှာ ရပ်ထားလိုက်ရုံပဲလေ ။ဒီမှာကျ ပိုက်ဆံပေးပြီး စက်ဘီးအပ်ရတာတဲ့ ။
YOU ARE READING
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*