🍂💛

936 90 17
                                    

(Uni)

"ကလေးတွေ"

အသက် ၁၇ နှစ် အရွယ် ကလေးခေါင်းဆောင်၏ အသံသည် လမ္းမေပၚ၌ ဟိန်းထွက်လာသည်။

"ရှင်/ဗျာ"

ကလေးများသည် အလုအယက်ပင် ထူးလိုက်ကြသည်။

"အန်တီသန္တာကို မပတ်နဲ့နော် အန်တီက ဥပုသ်စောင့်သွားမှာ အပြန်ကျမှ ပတ်ကြ"

မြန်မာဆန်ဆန် ရင္ဖုံးအင်္ကျီနှင့် ထဘီလေးကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ယောဂီတဘက်ကလေးကို ပုခုံးပေါ်တင်၍ သုံးဆင့်ချိုင့်လေးကို လက်ကဆွဲလျက် လမ်းထဲမှ ထွက်လာသော ဒေါ်မျိုးသန္တာလင်း အားကြည့်ကာ သူမ အော်ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ မမ"

ကလေးများသည် သူမစကားအား တသွေမသိမ်း လိုက်နာကြလေသည်။

"ကျေးဇူးပါ ကလေးတို့ အပြန်ကျရင် ပတ်နော်"

ဒေါ်မျိုးသန္တာသည် မက္ဍပ်နား အရောက်တွင် လေသံအေးအေးဖြင့် စကားဆိုကာ ဘုန်းကြီးကျောင်းသို့ ဆက်လက်လျှောက်လာခဲ့လေသည်။

"မမ"

"မမ ယိမ်းယိမ်းလို့"

"ဟင် ဟင်"

သူမရှေ့မှ ခပ်နွဲ့နွဲ့လေး လမ်းလျှောက်သွားသော ဒေါ်မျိုးသန္တာ အား အငေးလွန်နေသဖြင့် ကလေးများ ခေါ်နေသည်ကိုပင် သူမ မကြားမိချေ။

"ပြော ဘာပြောကြမှာလဲ"

သူမအဖြစ်ကို သူမရှက်၍ ရှက်ရမ်း ရမ်းကာ ကလေးများအား ဟောက်လိုက်လေသည်။

"အန်တီ ဒေါ်သန္တာက တော်တော်လှတယ်နော်"

"အွန်း အဲ့ဒါတော့ ဟုတ်တယ်"

"ဟိုမှာ လူ လူ လူ ရေခွက်တွေ အဆင်သင့်ပြင်ထားဟေ့"

အဖွဲ့ထဲမှ ကလေးတစ်ယောက်၏ ဦးဆောင်ကာ အော်ဟစ်သံကြောင့် ရေခွက် ကိုယ်စီနှင့် ကလေးများ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ထို့နောက် လာသမျှလူကို ရေလိုက်ပတ်ကြပြီး နေ့လည် ၁၂ နာရီ ရောက်တော့ ထမင်းစား၊ရေချိုးရန် နားလိုက်ကြသည်။ ညနေ ၄ နာရီမှ ထပ်၍ ကစားကြမည်ဖြစ်သည်။

🎉 You've finished reading သင်္ကြန်ပိတောက်နဲ့ အကြိုထောက်ချင်ရဲ့ 🍂💛 🎉
သင်္ကြန်ပိတောက်နဲ့ အကြိုထောက်ချင်ရဲ့ 🍂💛Where stories live. Discover now