Part - {71}

1.3K 134 5
                                    

“လည်ပင်းက ဒဏ်ရာ…။ ကျွန်တော် သခင်လေးကို ပလာစတာ ယူပေးရမလား?”

ဒါရိုက်ဘာက ကျွန်တော့်လည်ပင်းကို ညွှန်ပြတယ်။ ကျွန်တော်လည်း မှန်ကနေ အလင်းပြန်နေတဲ့ နေရာကို ကြည့်လိုက်တော့ ကျွန်တော့်လည်ပင်း ပတ်ပတ်လည်မှာ လက်ရာဖျော့ဖျော့လေး ပေါ်နေတာကို မြင်လိုက်ရတယ်။ မနေ့ညက အီဗန်က အကြမ်းပတမ်းနဲ့ သူ့ကို ကြည့်ဖို့ ကျွန်တော့်ကို အတင်းအကြပ် ခိုင်းခဲ့တာလေ။ တစ်ချိန်တည်းမှာပဲ သူ့နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တဲ့ အီဗန့်မျက်နှာက ကျွန်တော့်စိတ်ထဲ ပေါ်လာတယ်။

“ရပြီ”

ကျွန်တော့်အင်္ကျီကော်လံကို အမြန်ထောင်လိုက်ပြီး အပြင်ထွက်လိုက်တယ်။ လေးကိုင်းပုံစံ ဂိတ်တံခါးကနေ ဝင်လိုက်တော့ ဗာဒီဂါရဲ့ အတွင်းရေးမှူးက တံခါးရှေ့မှာ ကျွန်တော့်ကို စောင့်နေတယ်။

“ရောက်လာပါပြီလား သခင်လေးဗာဒီ?”

အတွင်းရေးမှူးရဲ့ မျက်လုံးတွေက ခပ်တင်းတင်း ထုပ်ပိုးထားသလိုမျိုး ဖြစ်နေတဲ့ ကျွန်တော့်လည်ပင်းဆီ အကြည့်ရောက်သွားတယ်။ စူးရှစွာ ကြည့်ပြီးနောက် အတွင်းရေးမှူးက တုံ့ဆိုင်းစွာနဲ့ အစေခံတစ်ယောက်ကို ခေါ်ပေးတယ်။

“ငါ့ကို ဖုံးဖို့ တစ်ခုခု ယူလာပေး”

“ဘာဖုံးဖို့…။ ကျွန်တော် ပတ်တီး ယူလာပေးရမလား?”

“အဲဒီ့လိုပေါ့”

ကျွန်တော် ပြောပြီး သိပ်မကြာခင်မှာပဲ အဖြူရောင်ပတ်တီးစက ကျွန်တော့်ရှေ့ ရောက်လာတယ်။ သူဘယ်လောက်ပဲ မြန်မြန်ပြေးပါစေ၊ ယူလာပေးသူက ဟောဟဲလိုက်နေတယ်။ တစ်နည်းအားဖြင့် ကျွန်တော် အနိုင်ကျင့်လိုက်မိသလို ခံစားလိုက်ရတယ်၊ ကျွန်တော် စိတ်မကောင်းပါဘူး၊ တမင်လုပ်တာ မဟုတ်ပါဘူး။

“တစ်ဖက်လှည့်လိုက်”

“ဟုတ်ကဲ့”

အတွင်းရေးမှူးက အမြန်ပဲ အခြားနေရာကို အကြည့်လွှဲလိုက်တယ်။ ကျွန်တော် ကော်လံကို ကိုင်ထားတာ လွှတ်လိုက်ပြီး လည်ပင်းပတ်ပတ်လည်ကို ပတ်တီးနဲ့ အမြန်စည်းလိုက်တယ်။ လက်ရာထင်နေတဲ့နေရာက ပုခုံးအလယ်နဲ့ လည်ပင်းဖြစ်နေတဲ့အတွက် အလွယ်အကူ ဖုံးလို့မရဘူး။ လည်ပင်းနဲ့ ပုခုံးစပ်ကြားက နေရာက ကွေးကောက်နေတဲ့အတွက် ပတ်တီးက အပေါ်ကိုပဲ လိပ်တက်နေပြီး မနည်း ဆွဲချကာ လည်ပင်းကို စည်းနှောင်လိုက်ရတယ်။ လုံးဝကို ဗရုတ်သုတ်ခနိုင်တာ ထင်ရှားနေတာပဲ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now