"ဒါဘယ်လဲ နှောင်ကြိုး"
အသက်ခပ်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ခပ်ရင့်ရင့်လေသံကြောင့် နှောင်ကြိုးမျက်ခုံးတွေတွန့်ချိုးသွားသည်
"နှောင်ကြိုးဘယ်သွားမယ်ဆိုတာ ဒေါ်မြင့်မိုရ်နဲ့ မဆိုင်ဘူးထင်တယ်"
နှောင်ကြိုးစကားမှာ ထိုအမျိုးသမီးက မတ်တပ်ထရပ်သည်
"ဘာကို မဆိုင်ရမလဲ ငါက နင့်ရဲ့ အုပ်ထိန်းသူ"
နှောင်ကြိုးက ခပ်မဲ့မဲ့ပြုံးတယ် သိပ်လှနေတဲ့ ထို အမျိုးသမီးမျက်နှာကို တည့်တည့်ကြည့်တယ်
"ဒေါ်မြင့်မိုရ်က နှောင်ကြိုးရဲ့ အမေမှမဟုတ်တာ"
သူမစကားမှာ ထိုအမျိုးသမီးက မျက်နှာလွှဲတယ်
ပီးမှ သူမမျက်နှာကို ပြန်ကြည့်ကာ"ငါ့စကားကို နားထောင်စမ်း နှောင်ကြိုး အခုချက်ချင်းအိမ်ပေါ်ပြန်တက်"
နှောင်ကြိုး ပါးစပ်ထဲက ပီကေကို ဝါးကာ ထိုအမျိုးသမီးကို ပြောလိုက်သည်
"မ တက် နိုင် ဘူး"ထို အမျိုးသမီးရဲ့ တောက်ခ် ခေါက်သံကို သူမ ဂရုမစိုက်ဘဲ ပြိုင်ကား အဝါလေးပေါ် တက်ကာ မောင်းထွက်လာတော့သည်
လေတွေဟာ တဖြူးဖြူးဘဲ နှောင်ကြိုးရဲ့ Highlight ဖောက်ထားတဲ့ ဆံနွယ်တွေကြားတိုးဝှေ့ကြတယ်
နားရွက်ကလေးတွေမှာ နားကွင်းလေးသုံးခုရှိပီး ခန္ဓာကိုယ်တစ်ခုလုံးက ဝတ်စားဆင်ယင်မှုတွေကို ပေါင်းရင် သိန်းထောင်ဂဏန်းလောက်က အသာလေးဘဲ
ဒါတွေဟာ ဒေါ်မြင့်မိုရ်ရဲ့ ပိုက်ဆံတွေပါဘဲ.......
ဒေါ်မြင့်မိုရ်........
ဒေါ်မြင့်မိုရ် အကြောင်းပြောရမယ်ဆိုရင် သူမဟာ နှောင်ကြိုးကို အမွေစားအမွေခံအဖစ်မွေးစားထားတဲ့သူ
ငယ်စဉ်ကတည်းက ကျွေးမွေးထားခဲ့ပေမဲ့ တကယ်တော့ ဒေါ်မြင့်မိုရ်ဟာ သူမကို ပုံစံသွင်းယူနေခဲ့တာ............
လွန်ခဲ့သော နှစ်နှစ်ဆယ် ခန့်က.........
"မြင့်မိုရ် မြင့်မိုရ်"
ရှစ်နှစ် အရွယ်ကလေးမလေး တစ်ယောက်က အရုပ်ကလေးပိုက်ကာ ခြံဝင်းထဲတွင် နာမည်တစ်ခုကို တကြော်ကြော်အော်နေသည်