part 1

107 9 0
                                    

Unicode

နွေရာသီ၏ပြရုပ်တစ်ခုဖြစ်သော နေအပူရှိန်သည်ကား ပူပြင်းအိုက်စက်စွာပေါ်ထွက်လျှက်ရှိ၏။ရာသီတစ်ခုမှတစ်ခုပြောင်းလဲသည့်မတ်လပေမို့ ရွက်ဟောင်းကြွေလို့ရွက်သစ်ဝေတဲ့အချိန်လည်းရောက်ခဲ့လေပြီ။

အရွက္များကင်းမဲ့နေသောအပင်များက နွေရာသီ၏အပူကိုပေါ်လွင်အောင် ထပ်လောင်းဖြည့်စွက်ထားသည့်အရာတစ်ခုအလား အမြင်နှင့်ပင်ပူလောင်အိုက်စက်ခြင်းအားခံစားရ၏။

သို့သော်  ကျယ်ဝန်းလှသောခြံကြီးအတွင်းရှိ အရိပ်အာဝါသကောင်းသောအပင်ကြီးအောက်၌ ရှိနေသည့် ကောင်လေးနှစ်ယောက်ကား နွေရာသီ၏အပူရှိန်ကိုမခံစားမိသည့်တိုင်အောင် ငြင်းခုန်လို့ကောင်းနေဆဲဖြစ်၏။

"ရှင်း ငါဆွဲထားတဲ့ပုံကပိုလှတာလို့"

"မဟုတ်တာ ဒီမှာငါ့ပုံကိုကြည့်စမ်း တောင်ကျရေတံခွန်ပုံစံလေးနဲ့စီးဆင်းနေတာ သဘာဝပိုကျတယ် အဲ့ဒီတော့ငါ့ပုံကပိုလှတာ"

"ဒီမှာ မင်းပုံမှာ ငါ့လိုတောအုပ်စိမ်းစိမ်းစိုစိုလေးပါလို့လား"

"တောအုပ်ပုံမပါလည်း ငါ့ရဲ့ပုံကပိုလှတာဘယ်သူမဆိုသိတယ် ပြီးတော့ငါ့ပုံက ဆရာပေးထားတဲ့ခေါင်းစဉ္နဲ့လည်းကိုက်တယ်  မယုံရင်ဉီးလေးမြင့်နိုင်ကိုမေးကြည့်ပါလားသွန်းလေးရ"

"ငါမေးကြည့်မှာ ငါ့ပုံကပိုလှတာလို့ပဲ ဉီးလေးမြင့်ကဖြေမှာ"

"ဉီးလေးမြင့်ရေ ခဏလာပါအုံး"

ဉီးမြင့်နိုင်တစ်ယောက် အပင်ရေလောင်းနေရင်း သွန်းပြည့်မင်းဟူသော သူအလုပ်လုပ်သည့်အိမ်ကြီး၏အရှင်သခင် ဉီးတည်မြဲမင်းနဲ့ဒေါ်ကလျာနန်းတို့၏ရင်နင့်သည်းခြာသားလေး ခေါ်သံကြောင့် ကိုင်ထားသောရေပိုက်ကို ဗုတ် ကနဲမြည်အောင်ပစ်ချလိုက္မိ၏။

တမင်တကာမခေါ်စေချင်လို့ လုပ်စရာမရှိရှာကြံ၍ရေလောင်းနေကာမှ ပျားအုံကိုတုတ်နဲ့တည့်တည့်ထိုးမိသလား အောက္မေ့ရတယ်။

အဘယ်ကြောင့်ဆိုသော် သွန်းပြည့်လေးနဲ့ သူ့သူငယ်ချင်း ရှိုင်းဆက်ရှင်းမောင်တို့၂ယောက်ဟာ ငယ်ငယ်ကတည်းက မည်သည့်ကိစ္စတွင်မဆို မငြင်းရမနေနိုင်၊မပြိုင်ဆိုင်ရမနေနိုင်သောကြောင့်ဖြစ်၏။

Falling in love with my best friendWhere stories live. Discover now