{ 76 } Uni

8.3K 564 193
                                    

စိုင်းဖြိုးနဲ့ ဇိုးဇွယ်ဇိုးဇိုးဇွက်ဇွက်ဇွိုင်တို့ နှစ်ယောက်က နှစ်ဦးသဘောတူ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပေမဲ့ အခုချိန်အထိကို ဖြူဖြူစင်စင် တွဲခဲ့ကြခြင်းသာ။

ဇိုးဇွယ်နဲ့ အကြိမ်ကြိမ် အတူနေဖို့ ဆုံးဖြတ်တဲ့ အခါတိုင်း ဇိုးဇွယ်ရဲ့ သွေးတွေ ရဲနေတဲ့ ခန္ဓာကိုယ်လေးကို ပြန်မြင်ယောင်လာပြီး ထိတောင် မထိရက်ဘဲ ဖြစ်တာကြောင့် အခုအချိန်ထိကို တစ်ကြိမ်တစ်ခါ မှ မနေဖြစ်ခဲ့။

စိတ်ရောဂါ ဆရာဝန်နဲ့ ပြရတဲ့ အထိအောင်ကို အခြေအနေက ဆိုးရွားလွန်းခဲ့သည်။

Shirt အဖြူ အပွလေးကိုမှ အတွင်းခံဘောင်းဘီ အတိုလေးနဲ့ပဲ တွဲဝတ်ထားတဲ့ ဇိုးဇွယ်က သူနဲ့မမှီသော စာအုပ်စင်ပေါ်က စာအုပ်ကို ခြေဖျားထောက်ပြီး လှမ်းယူတဲ့ အခါ ဇိုးဇွယ်ရဲ့ တင်ပါးလေးတွေက လုံးဝန်းပြီး လာစားပါလို့  ဖိတ်ခေါ်နေသည်။

စိုင်းဖြိုးရဲ့ မျက်လုံးအလုံးစုံက Macbook မှာ မရှိဘဲ စာအုပ်စင်နားက လူသားလေးကိုသာ ကြည့်နေမိရင်း တံတွေး အကြိမ်ကြိမ် မြိုချမိသည်။

မင်းသခင်ခက်ထန်က သူ့ယောက်ျားကို အချိန် ပိုပေးချင်တာကြောင့် သူလုပ်ရမဲ့ အလုပ်တွေပါ စိုင်းဖြိုးကို ခိုင်းသည်။

လင်ရှိတာချင်း အတူတူတောင် ခေါင်းဆောင် ဖြစ်နေတာကြောင့် ဘာမှလဲပြန် ပြောလို့မဖြစ်တဲ့ အတွက် တကယ်ကို စိတ်ဆင်းရဲရသည်။

မမှီတာကို ခြေဖျားလေးထောက်ပြီး လှမ်းယူနေတာကို မကြည့်ရက်တဲ့ အပြင် စိတ်လဲ ထ လာတာကြောင့် ဇိုးဇွယ်ရဲ့ စာအုပ်လှမ်းယူနေတဲ့ လက်ကို အုပ်ကိုင်လိုက်ကာ လက်ကလေးကို ဖွဖွလေး နမ်းပြီးတာနဲ့ ဇိုးဇွယ်ရဲ့ ခန္ဓာကိုယ်လေး ကို ပွေ့ချီလိုက်၏။

သူတကယ်ကို ဒီအရသာလေးအား စားပစ်ချင်နေပြီ......

ဇိုးဇွယ်တောင် သတိမထားမိပါဘဲ ရုတ်တရက် ရောက်လာပြီး အပွေ့ချီခံလိုက်ရတာကြောင့် ​လန့်သွားရသည်။

"မောင်... အဲ့လို ရုတ်တရက်တွေ မလုပ်နဲ့
အသံမပေး ...ဘာမပေးနဲ့ "

စိုင်းဖြိုး ဇိုးဇွယ်ကို ပွေ့ချီထားရာကနေ နဖူးလေးကို နမ်းကာ....

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now