part 2

47 8 2
                                    

Unicode

"တော်ပြီ မောင် ငါမင်းနဲ့မခေါ်တော့ဘူး ငါ့ကိုစကားလာမပြောနဲ့တော့"

"မင်းမခေါ်လည်း ကိစ္စမရှိဘူး သွန်းလေး ဒီကိစ္စမှာ ငါကဘာမှားတာမှမရှိဘူး မင်းသာငါ့ပုံကပိုလှတာကို မနာလိုနေတာ"

"အေးကွာမနာလိုတော့ဘာဖြစ်လဲ မင်းကကိုယ့်ထက်၅လလောက်ငယ်တဲ့သူငယ်ချင်းကိုတောင် အလျှော့မပေးတတ်တဲ့ကောင်ပဲ"

"ငယ်တိုင်းဘာကိစ္စအလျှော့ပေးရမှာလည်းကွ မင်းပုံစံကလည်းလျှော့ပေးချင်စရာ တစ်စက္မှမရှိတာ"

"တော်ပြီ မင်းနဲ့ငါစကားမပြောတော့ဘူး"

ရှိုင်းဆက်တစ်ယောက် သူ့အရှေ့ကနေ စူပုပ်ကာအိမ်ထဲဝင်သွားသော ကောင်လေးကိုကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။

သွန်းပြည့်မင်းဆိုတဲ့ကောင်က ရုပ်ကလေးလှသလောက် အကျင့်ကတော့တစ်စက္မှမကောင်းပေ။

သွန်းပြည့်ရဲ့ရုပ်ရည်မှာ မျက်နှာသွယ်သွယ်နဲ့ နှာတံပြေပြေကလေးရယ်၊ဖြောင့်စင်းကော့ညွှတ်နေတဲ့ မျက်တောင်ရှည်တွေဝန်းရံထားတဲ့ မျက်လုံးကြည်တောက်တောက်ကလေးရယ်၊ခပ်ပါးပါးနှုတ်ခမ်းလေးနဲ့ ရယ်လိုက်ရင်ပေါ်လာတတ်တဲ့ သွားထပ်လေးကြောင့် ယောက်ျားလေးတန်မဲ့ လှသည့်အထဲတွင်ပါသည်။

ဒါပေမယ့်အကျင့်ကတော့ယုတ်သလားမမေးလေနဲ့။သူ့ကိုဆို ငယ်ငယ်ကတည်းကအမြဲအနိုင်ရချင်တာ အခုထိပဲ။ခုလည်းကြည့် ကိုယ့်ပုံကပိုလှတာကို လက္မခံနိုင်ဘဲ စိတ်ဆိုးပြီးထွက်သွားလေပြီ။

ဒီတစ်ခါတော့ သူပြန်လာချော့မှ ခေါ်မယ်လို့ ရှိုင်းဆက်ရှင်းမောင် စိတ်ထဲတွင် ကြွေးကြော်ထားလိုက်၏။

................................................................................

"မေမေရေ သားသင်တန်းသွားတော့မယ် လိုက်ပို့ပေးတော့"

"ဟယ် သားကလည်း ရှိုင်းဆက်လေးတောင်မလာသေးဘူး စောင့်လိုက်ပါအုံး"

"ဟာ ဘာလို့စောင့်မှာလဲ သူ့ဘာသာသူ့အိမ်က လိုက်ပို့မှာပေါ့ မေမေရဲ့"

"ဟော.........ဒီကလေးနှစ်ယောက် ရန်ဖြစ်ထားကြပြန်ပြီမလား"

"သားကဖြစ်ချင်လို့မဟုတ်ဘူး အဲ့ကောင်ရှိုင်းဆက်အရင်စတာ သူကအကြီးဖြစ်ပြီးအလျှော့ပေးမယ်မရှိဘူး"

Falling in love with my best friendWhere stories live. Discover now