‌amour (27)

1K 123 10
                                    

Unicode

Mr. Kim Hyunbin ဧည့်ခန်းထဲ
ထိုင်တောင် မထိုင်နိုင်ဘဲ ဟိုလျှောက်ဒီလျှောက်နဲ့ အလုပ်ရှုပ်နေသည် ။
စိတ်ရှုပ်လာလို့ အကျီကော်လံက နတ်ကတိုင်ကို လျော့ချပစ်လိုက်တယ် ။
သူ့မိန်းမနဲ့ သူ့သမီးကြီးကတော့
သူ့အရိပ်အကဲ
ကြည့်ရင်း ငြိမ်နေကြသည် ။

" Kim Jisoo အခုထိ
မလာသေးဘူးလား "

သူမေးတော့ Jiseon က

" လာနေပြီတယ့်...‌ပြောရင်းဆိုရင်း ဟိုမှာ ဝင်လာပြီ "

Jiseon အိမ်ထဲဝင်လာသော
ညီမဖြစ်သူအစား ခေါင်း‌ခြောက်မိတယ် ။ နေရာကနေ ထထွက်ပြီး အပြင်သာ
ထွက်ထိုင်လိုက်ချင်ပေမယ့်
အဖေ နဲ့ အမေ့ ရဲ့ အရိပ်အကဲကို
ကြည့်နေရပြီး ထတောင်မထရဲ ။

Jisoo သူတို့အနားရောက်တာနဲ့
အမေက မ‌ပြောမဆိုနှင့်ထကာ
Jisoo ကို ဖြန်းခနဲ ပါးကို ရိုက်ချလိုက်
တယ် ။

Jisooက မယုံနိုင်စွာ အရိုက်ခံလိုက်ရတယ့် ပါးကို ကိုင်နေရင်းမှ

" အမေ့...ဘာလို့ "

" နင် ငါတို့မိသားစုရဲ့ ဂုဏ်ကို ဘယ်အထိ
ချမယ်စဉ်းစားထားတာလဲ ။ ငါအဲ့မိန်းကလေးနဲ့ မပတ်သတ်နဲ့လို့ ဒီလောက်တားနေတယ့် ကြားက နင်ဘယ်လောက်ထိ မွှန်ထူပြီး သွားပတ်သတ်နေလို့
Chae လေးက စေ့စပ်ပွဲ ဖျက်သိမ်းဖို့
တောင်းဆိုရတာလဲလို့! "

အမေက သူ့လက်မောင်းနှစ်ဖက်ကို
ဆွဲရမ်း၍ ပြောနေသည် ။ Jisoo မျက်နှာ
ဟာ သွေးပျက်နေဆယ့်အတိုင်း
ဖြူဖျော့သွားတယ်...။

" Young...Young က အဲ့အကြောင်းကို
သိနေတာလား..."

သူမေးတော့ အဖေကနေ
သူ့ကို အလိုမကျတယ့် မျက်လုံးတွေနဲ့
ကြည့်လာပြီး

" စေ့စပ်ပွဲဖျက်သိမ်းဖို့ တောင်းဆိုလာ
တယ့်အထိ ဆိုတော့ သိလို့ပဲနေမှာပေါ့ ။
Chaeလေးက အကြောင်းအရင်းမရှိ
အဲ့လိုလုပ်မယ့် ကလေးလို့ ထင်နေလား..."

သူဘာမှ ပြန်မပြောနိုင် ။
သူအသိစိတ်တွေမဲ့နေလို့ထင်တယ် ။
Young ကိုအဆက်အသွယ်မ

လုပ်မိတာ
နှစ်ရက်ရှိပြီ ။

" Seunghoon တို့က ငါတို့ကိုတောင်
မျက်စိပျက်မျက်နှာပျက်နဲ့ တောင်းပန်နေကြသေးတယ် ။ ငါတို့က ဘယ်လိုမျက်နှာနဲ့ တောင်းပန်ခံနေခဲ့ရလဲ...ငါတို့ သမီး ‌တခြားမိန်းက‌လေးနဲ့
ပတ်သတ်နေလို့ Chae လေးက
ဒီလို လုပ်တာပါလို့ ပြောမထွက်ဘူး...ရှက်လွန်းလို့ "

AMOUR Where stories live. Discover now