Chapter 14_U

23.1K 1.6K 147
                                    

တစ်ပတ်ခန့်ကြာပြီးနောက် ...

"ကိုသစ် ကျွန်တော် ကိုဟန်လေးတို့နဲ့ မြို့ပေါ်မှာလိုက်နေချင်တယ်"

သုခတစ်ယောက် ဟန်လေးတို့ မြို့ပေါ်သိုပြောင်းကာ ဆိုင်ဖွင့်မည်ဟုပြောသည့်နေ့ကစပြီး သစ်ထူးအား မြို့ပေါ်လိုက်နေချင်သည့် အကြောင်းတစ်ဖွဖွ ဂျီကျသဖြင့် သစ်ထူးခမျာ ခေါင်းတကုတ်ကုတ်ဖြင့် ဘာလုပ်ရမယ်မှန်းကိုမသိ။

"သုခရယ် အစ်ကိုတို့က အဝေးကြီးကိုပြောင်းသွားတာမှ မဟုတ်တာ ... ဒီအိမ်ကိုလည်း သန့်ရှင်းရေးဘာညာလုပ်ဖို့ မကြာမကြာပြန်လာမှာပါ နောက်ပြီး သုခလေးလည်း မြို့ပေါ်ကိုလာလို့ရနေတာပဲ"

ဟန်လေးက ပြောတော့ သုခက နှုတ်ခမ်းဆူသည်။

"ကျွန်တော်က နေ့လည်နေ့ခင်းကိုဟန်လေးနဲ့ အတူတူ စကားပြောလိုက် စားလိုက်သောက်လိုက်နဲ့ အကျင့်ဖြစ်နေပြီ ... အခု ကိုဟန်လေးက ပြောင်းသွားရင် ကျွန်တော် အဖော်မဲ့ပြီပေါ့"

"အဲတာများ မနက်ခင်းမိုးလင်းလို့ ကိုသစ်ထူးအတွက် ချက်ပြုတ်ပေးပြီးသွားရင် မြို့ကိုလာခဲ့ ... မနက်စာရော နေ့လည်စာရော ညစာပါ သုံးနပ်လုံး ကျွေးမယ် ... ဟိုမှည အိပ်ခန်းအပိုတွေရှိတော့ ညပါလာအိပ်သွားလို့ရတယ်"

"အဲတာဆို ကျွန်တော်ပါလိုက်နေမယ်လေ"

"မင်းယောက်ျားနဲ့ခွဲနိုင်လို့လား"

စောမောင်က မေးတော့ သုခက ပြန်ဖြေ၏။

"ပုံမှန်ဆိုလည်း ညပိုင်း ညအိပ်တဲ့အချိန်ပဲ တွေ့ရတာလေ ... မခွဲနိုင်စရာ ဘာအကြောင်းရှိလဲ"

"သုသု!!!"

သုခတစ်ယောက် သူ့ယောက်ျား၏ တင်းမာလှသော အသံကြောင့် ကြောက်လန့်သွားသည်။

"ကိုသစ် ဟို"

"မင်း အဲလောက်မှ ခွဲနိုင်နေရင်လည်း လိုက်သွား ... တအား လိုက်နေချင်နေတာမလား ...တစ်ပတ်လုံး မပြီးနိုင်မစီးနိုင် ရစ်နေတာ သွား ... အိမ်ကို ပြန်မလာခဲ့နဲ့"

သစ်ထူးက သုခအား ဒေါသတကြီးဖြင့် ပြောဆိုပြီးနောက် စောမောင်တို့အိမ်မှ ထပြန်ကာ သူ့အိမ်သူပြန်သွားသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now