Ch- 2.1

6K 514 3
                                    

အခန်း ၂.၁

ယနေ့တွင် ဤနေရာသို့ ‌ရောက်လာကြသည့် သာမန်ပြည်သူများက မတော်တဆ ရောက်ရှိလာခြင်း မဟုတ်ခဲ့ပေ။ ယင်းအစား သူတို့က လီမိသားစုနှင့် ‌ရှောင်းမိသားစုကြားမှ လက်ထက်ပွဲနှင့် အိမ်ထောင်ရေးအခမ်းအနားကို စိတ်လှုပ်ရှားစွာ လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

သို့သော် သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် လီမိသားစုက အလွန် တိတ်ဆိတ်နေသည်။ နေရာတိုင်းတွင် မီးရှူးမီးပန်းများ ချိတ်ဆွဲထားခြင်းနှင့် အနီရောင်အငွေ့အသက်များ ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့ နေရာမှားရောက်ရှိလာသည်ဟု လူတိုင်းက ထင်ကြပေလိမ့်မည်။

ထိုအချိန်တွင် သူမကိုယ်သူမ မိတ်ဆက်နေသော သခင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် လူတိုင်းက အံ့သြသွားကြသည်။ သူမ၏ ဆံထုံးက ပြေကျနေပြီး သူမ၏ဆံပင်များက သူမပခုံးပေါ်သို့ ဝဲကျနေသည်။ ရွှေရောင်ငွေရောင်ချည်များဖြင့် ချယ်သချုပ်လုပ်ထားသော ကြက်သွေးရောင် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည့် မိန်းခလေးက ရှောင်းယိုနဥ် ဖြစ်ပြီး လီမိသားစုက သူမကို ကွာရှင်းလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အားလုံးက အံ့သြနေကြသည်။

ရှောင်းယိုနဥ်... မြို့တော်က သာမန်လူတွေက ဒီနာမည်ကို သိပ်မသိကြပေမယ့် ရှောင်းမိသားစုနဲ့ လီမိသားစုကို ချိတ်ဆက်မိတဲ့အခါ ဒါက စစ်သူကြီးရှောင်းရဲ့ သမီးဖြစ်ပြီး စစ်သူကြီးက သူ့ရဲ့လက်ဖဝါးပေါ်မှာ တင်ထားခဲ့တဲ့ အဖိုးတန်လွန်းတဲ့ သမီးလေးဆိုတာကို လူတိုင်းက ချက်ချင်း သိလိုက်ကြတယ်။ စစ်သူကြီးရှောင်းက နယ်ခြားစောင့်တပ်မှာ ရှိနေပြီး သူ့သမီးက လက်ထပ်ခဲ့ပေမယ့် သူက မြို့တော်ကို မပြန်လာနိုင်ခဲ့ဘူး။ အခုမှ အိမ်ထောင်ပြုတာကို သူမက ဘာလို့ ကွာရှင်းပြတ်စဲခဲ့တယ်လို့ ပြောနေတာလဲ?

သူမ၏စကားများက လှိုင်းလုံးထောင်ပေါင်းများစွာကို နှိုးဆော်ပေးသလို ဖြစ်နေပြီး သာမန်ပြည်သူများက အချင်းချင်း ဒေါသတကြီး ဆွေးနွေးရင်း တီးတိုးပြောဆိုနေကြသည်။ ထို့အပြင် ရှောင်းမိသားစုက လီမိသားစုမှ သခင်ကြီး၏ယခင်ကိစ္စရပ်ကို ပံ့ပိုးပေးခဲ့သည့် နေ့ရက်များကို ပြန်ပြောနေကြသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now