နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 20

6.4K 225 14
                                    

နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 20

"အားးးး ခွမ်းးးး"
အက်ဒ်ဟာ ဒေါသတကြီးဖြင့် စားပွဲပေါ်မှ ဖန်ခွက်အား နံရံကိုပစ်ပေါက်လိုက်သည်

"ကြည့်ရတာ တစ်ယောက်ယောက်တော့ ရောဂါဖောက်နေပီထင်တယ်"

ဝရံတာမှ လူရိပ် တစ်ရိပ်က ဝင်လာသည်

"ရွှတ်"

အက်ဒ် အသံကြားရာဆီကို ဓားမြှောင်ပစ်လိုက်သည်

သို့သော် ထိုလူဟာ ဓားမြှောင်အားဖမ်းမိသွားသည်
ထိုလူက ယောကျ်ားပျိုတစ်ယောက်ဖစ်သည်

Kris......သူ့ပုံစံဟာ အားနည်းနေပုံပေါက်သည်
သို့သော် သူ့ရဲ့ ညဏ်များတဲ့အပြုံးများဟာ မပျောက်သေးပါ

"မင်းအဆိပ်တက်နေပီမလား"

Krisရဲ့စကားမှာ သူ့ မျက်လုံးနီများက ရဲတောက်သွားသည်

"မင်းရဲ့ရင်ဘတ်က ထွက်ပေါ်လာပီဖစ်တဲ့ ခရမ်းရောင်သွေးကြောမျှင်တွေက မင်းတကိုယ်လုံးကိုဖုံးအုပ်သွားတော့မှာ"

"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ"

Krisကသူ့ရဲ့ ခရမ်းရောင်ဆံနွယ်များကို သပ်လိုက်သည်
"နည်းနည်းအဆင့်မြှင့်ထားတဲ့ နတ်ဆိုးသွေးနိုးကြွဆေးရည်ပါ"

အက်ဒ် နာကျင်လာမှုကြောင့် ဒူးထောက်ကျသွားသည်
သူပိုပီး သတိထားခဲ့ရမှာ မူမမှန်ဖစ်နေတဲ့ လက္ခာတချို့ကြောင့် သူ့ရဲ့ နတ်ဆိုးသွေးကြွချင်တာလို့ ထင်ခဲ့ပေမဲ့ ယခုက ဆေးခတ်ခံရခြင်းဖစ်သည်

အဲ့တာကြောင့် နတ်သူငယ်ဖစ်တဲ့ လူဝီနားကပ်လျှင် သူမသွေးရဲ့ ချိုမြိန်မှုကိုခံစားချင်လာသလိုစိတ်တွေဖစ်လာတာကြောင့် သူမ အကြောင်းအမျိုးမျိုးပြုကာ ရှောင်နေခဲ့ခြင်းဖစ်သည်

Krisဟာ သူ့ကို တိုက်ပွဲမစခင်တည်းက နည်းနည်းဆီဆေးခတ်ခဲ့ခြင်းဖစ်ပုံရသည်

"ငါ့ကို ဖြေဆေးပေး"

ထိုအခါ Krisဟာ သက်ပြင်းချပီး ခေါင်းရမ်းသည်

"အဲ့တာတော့ ငါစိတ်မကောင်းဘူး ငါ့ရဲ့ အဲလစ်လေးက မင်းအတွက်ဖြေဆေးမရှိတဲ့ ဆေးရည်ကိုလုပ်ခိုင်းခဲ့လို့"

နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)Where stories live. Discover now